Connect with us

Sport

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း နှင့် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘောလုံး အသင်း တို့ နိုဝင်ဘာလ ၈ ရက်နေ့တွင်ယှဉ်ပြိုင်ကစားမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းလေ့ကျင့်မှုပြုလုပ်စဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

နိုဝင်ဘာ (၈)ရက်နေ့မှ (၁၃)ရက်နေ့အထိ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Women’s Olympic Football Tournament Asian Qualifier (Round-1) ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည်အဖွင့်ပွဲစဉ်အဖြစ် ဘင်္ဂလားဒေ့ရှ်အမျိုးသမီးဘောလုံး အသင်း နှင့် နိုဝင်ဘာလ ၈ရက်နေ့ ညနေ ၆နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် အဆိုပါပြိုင်ပွဲအတွက် နေ့စဉ် လေ့ကျင့်မှုများပြုလုပ်နေကြောင်း သိရသည်။ Women’s Olympic Football Tournament Asian Qualifier (Round-1) ပြိုင်ပွဲ ပွဲစဉ်များကို ကွင်းဝင်ကြေး အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.