Connect with us

News

တရုတ်နိုင်ငံက ကမ္ဘာ့ဦးဆောင် မော်တော်ကားတင်ပို့သူဖြစ်လာမည့် လမ်းကြောင်းပေါ်သို့ရောက်ရှိနေ

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ယန်းထိုင်မြို့ရှိ ယန်းထိုင်ဆိပ်ကမ်း၌ တင်ပို့ရန် စောင့်ဆိုင်းနေသော မော်တော်ယာဉ်များကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စိန်ရန်/ရှန်ဟိုင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း တာ့လျန်ဆိပ်ကမ်း မော်တော်ယာဉ်တင်ပို့မှုဂိတ်တွင် မော်တော်ကားသစ်များကို ကုန်တင်သင်္ဘောများပေါ်သို့ ဂရုတစိုက်တင်ခဲ့ပြီး အလယ်အာရှဒေသသို့ တင်ပို့ရန် အသင့်ရှိနေပြီဖြစ်သည်။

ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ တာ့လျန်ဆိပ်ကမ်းသည် BMW Brilliance Automotive လီမိတက် (BBA), Volvo နှင့် FAW စသည့် ကားတင်ပို့သူများအတွက် ထောက်ပံ့သယ်ပို့လုပ်ငန်းများဖြင့် လုပ်ငန်းလည်ပတ်မှုများပြားလျက်ရှိသည်။ တာ့လျန်ဆိပ်ကမ်းက ဇန်နဝါရီလမှ မေလအထိ မော်တော်ယာဉ် ၃၆,၇၅၀ စီး တင်ပို့ခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၁၁၆.၁၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်တင်ပို့မှု အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်သော ရှန်ဟိုင်းတွင် မော်တော်ယာဉ်တင်ပို့မှုများမှာ အရှိန်အဟုန်မြင့်တက်လာခဲ့သည်။ ရှန်ဟိုင်းအကောက်ခွန်ဌာန၏အဆိုအရ ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း ရှန်ဟိုင်းမြို့၏ လျှပ်စစ်ခရီးသည်တင်ကား တင်ပို့မှုများမှာ ယမန်နှစ် အလားတူကာလထက် ၁၅၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

နိုင်ငံတစ်ဝန်း ၂၀၂၃ ခုနှစ် ပထမသုံးလပတ်အတွင်း မော်တော်ယာဉ်တင်ပို့မှုအနေဖြင့် အစီးရေ ၁.၀၇ သန်းခန့် မြင့်တက်ခဲ့ကြောင်း၊ ယင်းပမာဏမှာ တရုတ်နိုင်ငံက ယင်းကာလအတွင်း ကမ္ဘာ့အကြီးဆုံး မော်တော်ကားတင်ပို့သူဖြစ်လာသည်ကို ဖော်ပြလျက်ရှိကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာန (GAC) မှ အချက်အလက်များ၌ ဖော်ပြထားသည်။  (Xinhua)

………………………………………

(English Version)

China on track to become world’s leading automobile exporter

SHENYANG/SHANGHAI, June 29 (Xinhua) — At the vehicle export terminal of Dalian Port, located in northeast China, brand-new cars were carefully loaded onto large cargo ships, ready to be shipped to Central Asia.

Since the beginning of this year, the port has been in busy operation, providing logistics services for car exporters such as BMW Brilliance Automotive Ltd. (BBA), Volvo and FAW. According to Dalian Port, it shipped 36,750 vehicles from January to May, an increase of 116.15 percent from last year’s same period.

In Shanghai, the country’s largest port city for automobile exports, vehicle exports are also picking up speed. According to Shanghai Customs, in the first five months of 2023, Shanghai’s exports of electric passenger vehicles grew 152.9 percent year on year.

Nationwide, China’s vehicle exports soared to around 1.07 million units in the first quarter of 2023, data from the General Administration of Customs (GAC) showed, indicating that China has become the world’s largest auto exporter in the period.

Photo 1: This aerial photo taken on Jan. 18, 2023 shows vehicles waiting for shipment at Yantai Port in Yantai, east China’s Shandong Province. (Xinhua/Zhu Zheng)