Connect with us

News

ပူတင်က Mariupol ရှိ ယူကရိန်း တပ်သား ၂,၀၀၀ ကျော် ပိတ်မိနေသည့် Azovstal သံနှင့် သံမဏိစက်ရုံကို ပိတ်ဆို့ထားရန်အမိန့်ပေး

မော်စကို၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ယူကရိန်းနိုင်ငံ၏ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် Mariupol မြို့ရှိ Azovstal သံနှင့်သံမဏိစက်ရုံသို့ဝင်ရောက်တိုက်ခိုက်မည့်အစား ပိတ်ဆို့ထားရန် ဧပြီ ၂၁ ရက်က အမိန့်ပေးခဲ့ကြောင်းဒေသတွင်းမီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားစစ်တပ်က Mariupol မြို့အား ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပြီး ယူကရိန်း စစ်တပ်အရာရှိများပိတ်မိနေသည့် စက်ရုံအကြောင်း ကာကွယ်ရေးဝန်ကြီးSergei Shoigu က ပူတင်အား တင်ပြခဲ့ပြီးနောက် ထိုသို့အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပူတင်က Shoigu နှင့်တွေ့ဆုံစဉ် စက်ရုံသို့ဝင်ရောက်တိုက်ခိုက်ခြင်းသည် “မသင့်လျော်ကြောင်း” ထိုသို့လုပ်ဆောင်မည့်အစားပိတ်ဆို့ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်က ထုတ်ပြန်သည်။
“မိမိတို့အနေဖြင့် မိမိတို့၏ စစ်သားများနှင့်အရာရှိများ၏ အသက်များနှင့် အင်အားတောင့်တင်းမှုကို ကာကွယ်ဖို့ အမြဲစဉ်းစားရမည်ဖြစ်ကြောင်း” ပူတင်ကဆိုပြီး စက်မှုဧရိယာ ၌ လေကြောင်း ပျံသန်းမှုတစ်ခုတစ်လေမျှခွင့်မပြုဘဲ အလုံးစုံပိတ်ဆို့ထားရန် ထပ်လောင်းပြောကြားခဲ့သည်။
Shoigu က လက်ရှိတွင် စက်ရုံအတွင်းယူကရိန်းတပ်သား ၂,၀၀၀ ကျော် ပိတ်မိနေကြောင်း စစ်ဆင်ရေးမှာ ၃ ရက် ၄ ရက်အတွင်း ပြီးစီးနိုင်မည်ဖြစ်ကြောင်းဆိုသည်။
“လက်နက်မချသေးသရွေ့ မိမိတို့ဘက်က လက်နက်ချဖို့ထပ်မံကမ်းလှမ်းလိုပါတယ်” ဟု ပူတင်ကဆိုပြီး စစ်သားများအနေဖြင့် ဆေးကုသမှုခံယူရန်နှင့် အသက်ဘေးမှ လွတ်ကင်းရန်ထိုသို့လုပ်ဆောင်ကြဖို့ ၎င်းကထပ်မံတိုက်တွန်းခဲ့သည်။ (Xinhua)
………………………….
(English Version)
STORY: Putin orders blockade of Azovstal plant in Mariupol: media
Russian President Vladimir Putin on Thursday ordered a blockade of the Azovstal plant in the port city of Mariupol instead of storming it, local media reported.
The order was given after Defense Minister Sergei Shoigu told Putin that the Russian military had controlled Mariupol apart from the plant where Ukrainian servicemen were still holed up, said the report.

Putin said plans to storm the plant were “inappropriate” during a meeting with Shoigu, preferring a blockade instead, according to the Kremlin.
“We must always think about preserving the lives and health of our soldiers and officers,” Putin said, adding that the industrial area should nonetheless be blocked off entirely “so a single fly doesn’t pass through.”
Shoigu said more than 2,000 militants are currently blocked inside the plant, adding that the operation there would be completed within three or four days.
“We once again offer everyone who has not yet laid down their arms to do so,” Putin said, adding that those soldiers who do so would be spared and receive necessary medical attention. ■