Connect with us

News

တရုတ်နိုင်ငံ အစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး နှင့် ယူနန်ပြည်နယ်အစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးအပ်များ မြန်မာနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးအပ်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့စဉ်(ဓာတ်ပုံ - Ministry of Health,Myanmar )

ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး နှင့် ယူနန်ပြည်နယ်အစိုးရတို့မှ လှူဒါန်းသည့် ယွမ် ၈၈၅,၀၀၀ တန်ဖိုးရှိ Auto Disable syringe (ကိုဗစ်-၁၉ကာကွယ်ဆေးထိုးအပ်)များသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် နိုင်ငံတစ်ဝန်းဖြန့်ဖြူးပို့ဆောင် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ခဲ့သည် ။တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ လှူဒါန်းသည့် ယွမ် ၅၉၀,၀၀၀ တန်ဖိုးရှိ Auto Disable syringe (၂)သန်းနှင့် ယူနန်ပြည်နယ် အစိုးရ မှလှူဒါန်းသည့် ယွမ် ၂၉၅,၀၀၀ တန်ဖိုးရှိ Auto Disable syringe (၁)သန်း ၊ စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအပ် (၃)သန်းမှာ မတ် ၃၀ ရက်တွင် မူဆယ်မြို့ ၊ ဝမ်တိမ်နယ်စပ် ဂိတ်သို့ ရောက်ရှိခဲ့ရာ မူဆယ်ခရိုင်၊ပြည်သူ့ဆေးရုံအုပ်ကြီးမှ လက်ခံရယူခဲ့ကြောင်း သိရသည် ။

တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးအပ်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့စဉ်(ဓာတ်ပုံ – Ministry of Health,Myanmar )

အဆိုပါ ကာကွယ်ဆေးထိုးအပ်များအား တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် ယူနန်ပြည်နယ် အစိုးရမှ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးအစီအစဉ်အရ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းကာ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအား အောင်မြင်စွာဆက်လက် အကောင်အထည်ဖော်ဆောင်ရန် ရည်ရွယ်၍ လှူဒါန်းခြင်းဖြစ်ကြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။ (Xinhua)