ဦလန်ဘာတာ၊ မတ် ၁၃ ရက် (ဆင်ဟွာ) မွန်ဂိုးလီးယားနိုင်ငံသည် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကာကွယ်ဆေးများ လျင်မြန် မျှတစွာ ရရှိနိုင်ရေး ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်မှုဖြစ်သော COVAX မှ COVID-19 ကာကွယ်ဆေး ပထမအသုတ်ကို မတ် ၁၂ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ မတ် ၁၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် Balochistan ပြည်နယ်၌ ကျောက်မီးသွေးတွင်းတစ်ခုပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ အနည်းဆုံး မိုင်းလုပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း အရာရှိများက မတ် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဇီဝဆေးဝါးလုပ်ငန်းကုမ္ပဏီ CanSino Biologics မှ COVID-19 ကာကွယ်ဆေးထုတ်လုပ်ရန် လိုအပ်သောပစ္စည်း ဒုတိယအကြိမ်တင်ပို့မှုကို မက္ကဆီကိုနိုင်ငံက မတ် ၁၁ ရက်တွင် လက်ခံရရှိခဲ့ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard က ပြောခဲ့သည်။
ဝါရှင်တန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသားအားလုံး မေလ ၁ ရက်မှစတင်၍ COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ပြည်နယ်များသို့ ညွှန်ကြားချက်အား အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က မတ် ၁၁ ရက်တွင်ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ဆောပိုလို ၊ မတ် ၁၂ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် တစ်နေ့အတွင်း COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသည့် လူနာပေါင်း ၂ ထောင်ကျော် အထိ နှစ်ရက်ဆက်တိုက် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ မတ်လ ၁၁ ရက်ထုတ်ပြန်ကြေညာချက်အရ ယင်းနေ့တွင် ဘရာဇီးနိုင်ငံ၌ COVID-19...
လစ္စဘွန်း၊ မတ် ၁၂ ရက် (ဆင်ဟွာ) ပေါ်တူဂီနိုင်ငံတွင် COVID-19 ကပ်ရောဂါထိန်းချုပ်ရန် နှစ်လကျော်ကြာ အသွားအလာကန့်သတ်မှုများ (Lockdown) ဆောင်ရွက်ခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားပြီး ချင့်ချင့်ချိန်ချိန်၊ သတိကြီးစွာဖြင့် ဖြည်းဖြည်းချင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် Antonio Costa က မတ် ၁၁ ရက်၌...
ဝန်ချန်း၊ ဟိုင်နန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းရှိ ဝန်ချန်း ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-7A Y2 သယ်ဆောင်ရေးဒုံးပျံကို မတ် ၁၂ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
မာလေး၊ မတ် ၁၁ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံ သမ္မတ Ibrahim Solih က ဒေသခံများအား COVID-19 ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံရေးတွင် ပြီးဆုံးသည်အထိ ဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း ဒေသခံမီဒီယာက မတ် ၁၁ ရက်၌ သတင်းဖော်ပြခဲ့သည်။
ပေကျင်း၊ မတ် ၁၁ ရက်(ဆင်ဟွာ) ဖြစ်ပေါ်လာနိုင်သည့် အကြမ်းဖက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန်အတွက် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် (၂,၃၀၀)အား ဆက်လက်နေရာချထားရန် ကာကွယ်ရေးဝန်ကြီး Lloyd Austinကခွင့်ပြုခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ရက်များတွင် ပြောကြားခဲ့သည်။
စိန်ရန်၊ မတ် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်သည် ပြည်ပတံခါးဖွင့်အဓိကပလက်ဖောင်းတစ်ခုဖြစ်ရာ လက်ရှိ လျောင်နင်ပြည်နယ်မှ ထွက်ခွာသည့် တရုတ်-ဥရောပရထားများသည် ဥရောပတိုက် နိုင်ငံပေါင်း (၂၀)ကျော်နှင့် မြို့ပေါင်း(၄၀)ကျော်ကို ရောက်ရှိနိုင်ကြောင်း သိရသည်။ ကုန်းလမ်းရထားချိတ်ဆက်သယ်ယူပို့ဆောင်မှုသည် ဥရောပတိုက်တစ်ခုလုံးကို လွှမ်းခြုံသွားလာနိုင်ပြီဖြစ်သည်။