ဝါရှင်တန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၂၀၂၀ ပြည့်နှစ် မေလတွင် ရုရှားနိုင်ငံ၌ ကျင်းပမည့် စစ်အောင်ပွဲနေ့(Victory Day) စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် စဉ်းစားနေကြောင်း နှင့် အခမ်းအနားတက်ရောက်နိုင်ရန် ၎င်း၏ အလုပ်အချိန်ဇယား အဆင်ပြေမပြေ မသေချာသေးကြောင်း နိုဝင်ဘာ ၈ ရက်တွင်ပြောကြားလိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ၂၀၂၀ ခုနှစ် အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ၏ အုပ်စု (I) ဒုတိယနေ့ ပွဲစဉ် များကိုနိုဝင်ဘာလ ၈ ရက်တွင်ရန်ကုန် မြို့ သုဝဏ္ဏ အားကစားကွင်း၌ဆက်လက်ကျင်းပရာ ပထမပွဲ၌ တရုတ်ပြည် သူ့သမ္မတနိုင်ငံ...
ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) သို့ အမေရိကန်ဒေါ်လာ ၃ သိန်း အား အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် နိုဝင်ဘာလ ၈ ရက် မွန်းလွဲပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။
ကျောက်ဖြူ ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ ယူနန် ပြည်နယ် အစိုးရ နှင့် CITIC Consortium တို့ ပူးပေါင်း ကူညီဆောင်ရွက်ပေး ခဲ့သည့် ပထမ အကြိမ် ကျောက်ဖြူလူငယ် ကျွမ်းကျင်မှု သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကို...
ရန်ကုန်၊ နိုဝင်ဘာ ၈ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL) ၏ လက်ရှိအနေအထားက အဝါရောင်အဆင့်ဖြစ်ပြီး မုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း လှိုင်းလေကြီး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်...
နယူးဒေလီ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း ဘာဘ်ဘယ် (Bulbul) သည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ ဆက်စပ်လျက်ရှိသော အရှေ့အလယ်ပိုင်းအတွင်း ဖြတ်ကျော်ကာ နိုဝင်ဘာ ၈ ရက်တွင် မြောက်-အနောက်မြောက်ဘက်ဆီသို့ ရွေ့လျားကာ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက (IMD) က...
လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Upland မြို့တွင် နိုဝင်ဘာ ၇ ရက်က နေအိမ်တစ်လုံးပေါ်သို့ လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ပြီးနောက် လေယာဉ်မှူး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။
နေပြည်တော်၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ကျေးလက် ဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျှော့ချရေး နယ်ပယ်တွင် ပုဂ္ဂလိက ကဏ္ဍ ပါဝင်လာအောင် ဆွဲဆောင် စည်းရုံး လုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူ က ယနေ့ ပြောကြားခဲ့သည်။
ဂျေရုဆလမ် ၊နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) အစ္စရေးကျောင်းသားများက မျိုးရိုးဗီဇပြုပြင်ဖန်တီးထားသော ဘက်တီးရီးယားများကို အသုံးပြု၍ ပျားလွတ်-ပျားရည် ထုတ်ယူရန် နည်းပညာသစ်ကို တီထွင်နိုင်ခဲ့ကြောင်း အစ္စရေးနည်းပညာသိပ္ပံက နိုဝင်ဘာ ၇ ရက်တွင် ကြေညာခဲ့သည်။
ဟနွိုင်း ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံ Essex မြို့၌ (လော်ရီ)ကုန်တင်ကားအတွင်း ပိတ်မိသေဆုံးသူ ၃၉ ဉီးစလုံးမှာ ဗီယက်နမ်လူမျိုးများဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက နိုဝင်ဘာ ၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။