Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံက ပျက်ကျသွားသောလေယာဉ်ကို ရှာဖွေရန် ရေတပ်သင်္ဘောများစွာဖြင့် ရှာဖွေရေးနေရာတိုးချဲ့

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Tanjung Priok ဆိပ်ကမ်းရှိ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးထိန်းချုပ်စခန်း၌ ရှာဖွေရေးလုပ်ဆောင်နေစဉ် တွေ့ရှိသော အပျက်အစီးများကို ဇန်နဝါရီ ၁၁ ရက်က မြင်တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး (SAR) အဖွဲ့က ရှာဖွေရေး တတိယမြောက်နေ့တွင် Sriwijaya Air လေကြောင်းလိုင်းမှ လေယာဉ်အပျက်အစီးများနှင့် သေဆုံးသူများကို ရှာဖွေရန် ရေတပ်သင်္ဘောများစွာဖြင့် ရှာဖွေရေးဧရိယာတိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအေဂျင်စီက ဇန်နဝါရီ ၁၁ ရက်၌ ပြောကြားခဲ့သည်။

“မနေ့ကတော့ နေရာကျဉ်းကျဉ်းလေးကိုပဲ ကျွန်တော်တို့ ဦးတည်ရှာဖွေခဲ့ပါတယ်။ ဒီနေ့မှာတော့ ရှာဖွေရေးအကွာအဝေးကို တိုးချဲ့ဖို့ ဆုံးဖြတ်ထားတယ်” ဟု အေဂျင်စီ၏ လုပ်ငန်းလည်ပတ်မှု ညွှန်ကြားရေးမှူး ရေတပ်ဗိုလ်မှူးချုပ် Rasman M.S. က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Tanjung Priok ဆိပ်ကမ်းရှိ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးထိန်းချုပ်စခန်း၌ ရှာဖွေရေးလုပ်ဆောင်နေစဉ် တွေ့ရှိသော အပျက်အစီးများကို ဇန်နဝါရီ ၁၁ ရက်က မြင်တွေ့ရစဉ် (ဆင်ဟွာ) 

အဆိုပါ SAR အဖွဲ့သည် ဇန်နဝါရီ ၁၀ ရက်တွင် သင်္ဘောအရေအတွက် ၃၀ ခန့် တပ်ဖြန့်ထားခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင်မူ အစင်းရေ ၅၃ စင်းအထိ တိုးချဲ့ တပ်ဖြန့် ရှာဖွေမှု ပြုလုပ်လာခဲ့ကြောင်း သိရသည်။ထို့ပြင် SAR အဖွဲ့သည် ပင်လယ်ပြင်တွင် ရှာဖွေရေးလုပ်ဆောင်ရန် ရေပေါ်စီးဆိုင်ကယ်နှင့် မော်တော်ဘုတ်များ ပါဝင်သော ယူနစ် ၁၈ ခုနှင့် လေကြောင်းရှာဖွေမှုအတွက် ရဟတ်ယာဉ် ၁၀ စင်းနှင့် စက်မဲ့လေယာဉ် (fixed-wing glider plane) သုံးစင်း စေလွှတ်ထားကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Tanjung Priok ဆိပ်ကမ်းရှိ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးထိန်းချုပ်စခန်း၌ ရှာဖွေရေးလုပ်ဆောင်နေစဉ် တွေ့ရှိသော အပျက်အစီးများကို ဇန်နဝါရီ ၁၁ ရက်က မြင်တွေ့ရစဉ် (ဆင်ဟွာ) 

ဇန်နဝါရီ ၁၁ ရက်က ပြုလုပ်သော ရှာဖွေမှုတွင် ကဏ္ဍ ၆ ခုဖြင့်ဆောင်ရွက်လျက်ရှိပြီး ရဲတပ်ဖွဲ့၊ စစ်တပ်၊ SAR အဖွဲ့နှင့် အခြားသူများ ပါဝင်ကြောင်း သိရသည်။ထို့ပြင် တာဝန်ရှိသူများက ကံကြမ္မာဆိုးငင်ခဲ့သော လေယာဉ်၏ အစိတ်အပိုင်းများနှင့် ခရီးသည်များ၏ ရုပ်အလောင်း အပိုင်းအစများကို တွေ့ရှိခဲ့ပြီး လေယာဉ်၏ black box များ တည်နေရာကို ခန့်မှန်းနိုင်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Tanjung Priok ဆိပ်ကမ်းရှိ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးထိန်းချုပ်စခန်း၌ ရှာဖွေရေးလုပ်ဆောင်နေစဉ် တွေ့ရှိသော အပျက်အစီးများကို ဇန်နဝါရီ ၁၁ ရက်က မြင်တွေ့ရစဉ် (ဆင်ဟွာ) 

အနောက်ကာလီမန်တန်ပြည်နယ် ပွန်တီရာနက်မြို့မှ ဂျကာတာမြို့တော်သို့ ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းက ပျံသန်းလျက်ရှိသော ဘိုးရင်း ၇၃၇-၅၀၀ လေယာဉ်သည် ဂျကာတာမြို့ မြောက်ဘက် ဆီရီဘူခရိုင်၊ ဂျာဗားပင်လယ်ပြင်အတွင်းသို့ ပျက်ကျသွားခဲ့ခြင်းဖြစ်သည်။အဆိုပါ လေယာဉ်ပေါ်တွင် ကလေးငယ် ၇ ဦးနှင့် ကလေးငယ် ၃ ဦး အပါအဝင် ခရီးသည် ၅၀ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦးတို့ လိုက်ပါသွားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………
(EnglishVersion)

Indonesia expands operation area with more fleets to search for crashed plane

Indonesia’s search and rescue (SAR) team has expanded the operation area to search for debris and victims of the Sriwijaya Air plane crash with more fleets on the third day of operations.
JAKARTA, Jan. 12 (Xinhua) — Indonesia’s search and rescue (SAR) team has expanded the operation area to search for debris and victims of the Sriwijaya Air plane crash with more fleets on the third day of operations, the Indonesian National Search and Rescue Agency said on Monday.
“While yesterday we focused on a narrower area, today we decided to expand the range of search operations,” the agency’s Operation Director Brig. Gen. Rasman M.S. said.
Likewise, the SAR team deployed 53 ships on Monday, while the number was about 30 on Sunday.
The SAR team also sent 18 units of jet ski and sea riders to explore the waters, as well as 10 helicopters and three fixed-wing glider planes for air exploration.

Monday’s search was carried out in six sectors, involving about 2,600 personnel from the police, the army, the SAR team, and others.
So far, officers have found the wreckage of the ill-fated plane and body parts belongings to the victims, and have estimated the location of the black boxes.
The Boeing 737-500 aircraft, flying from the capital Jakarta to Pontianak city in West Kalimantan province on Saturday afternoon, crashed into the Java Sea off the Seribu District in north of Jakarta.
It was carrying 50 passengers, including seven children and three babies, and 12 crew members.■
1- Staff members carry debris found during the search at the Search and Rescue Command center at Tanjung Priok Port in Jakarta, Indonesia, on Jan. 11, 2021. (Xinhua/Veri Sanovri)
2-Indonesia’s search and rescue (SAR) team officers carry the debris of the Sriwijaya Air plane found during the search at the SAR Command center, Tanjung Priok, Jakarta, Indonesia, on Jan. 11, 2021. (Xinhua/Veri Sanovri)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.