ချီကာဂို၊ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီကြီး ဘိုးရင်းက ၎င်းတို့၏ Boering 777 အမျိုးအစားလေယာဉ်၏ Pratt & Whitney 4000-112 အင်ဂျင်နှင့်ပတ်သက်၍ ပြည်ထောင်စု လေကြောင်းပျံသန်းမှု စီမံခန့်ခွဲရေးဌာန(FAA) က လိုအပ်သော လုပ်ထုံးလုပ်နည်း စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးချိန်ထိ ယင်းလေယာဉ်ပျံသန်းပြေးဆွဲခြင်းကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ...
ဖနွမ်းပင်၊ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီ ၂၁ ရက်က COVID-19 ရောဂါ အတည်ပြုလူနာသစ် ၁၇ ဦးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း ၅၃၃ ဦးထိ ရောက်ရှိလာကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန(MoH) က ထုတ်ပြန်ကြေညာခဲ့သည်။
ဟူစတန်၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လူဝီစီးယားနားပြည်နယ် နယူးအော်လင်းမြို့ဆင်ခြေဖုံးတွင် ဖေဖော်ဝါရီ ၂၀ ရက်က လူတစ်ဦးသည် သေနတ်အရောင်းဆိုင်ထဲသို့ ဝင်ရောက်လာပြီး ပစ်ခတ်မှုပြုလုပ်ခဲ့ရာ လူနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။
မွမ်ဘိုင်း၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးအချက်အချာ မွမ်ဘိုင်းမြို့တွင် ကိုဗစ်ကပ်ရောဂါကြောင့် လူနေအဆောက်အအုံ (၁,၃၀၀)ကျော် ပိတ်ထားရပြီး လူပေါင်း(၇)သောင်းကျော် အိမ်တွင် သီးခြားနေရန် ညွှန်ကြားထားကြောင်း မွမ်ဘိုင်းမြို့အစိုးရ၏ အချက်အလက်များအရ သိရသည်။
ဂျကာတာ၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်တွင် ပြီးခဲ့သော ရက်အနည်းငယ်မှ စတင်ကာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့တော်၏ နေရာအတော်များများတွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်နေပြီး ပြည်သူထောင်ပေါင်းများစွာသည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရကြောင်း သိရသည်။
မင့်ခ်၊ ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရက ထောက်ပံ့ပေးပို့သော COVID-19 ကာကွယ်ဆေးများ ဘီလာရုဒ်စ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ တရုတ်နိုင်ငံမှ ပေးအပ်သည့် တန်ဖိုးရှိသော ကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဘီလာရုဒ်စ်နိုင်ငံ မင့်ခ်မြို့ရှိ လေဆိပ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဘီလာရုဒ်စ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Dmity Pinevich...
မော်စကို၊ဖေဖော်ဝါရီ ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံသည် ကမ္ဘာပေါ်၌ ပထမဆုံး လူသားတွင် ကူးစက်သည့် ငှက်တုပ်ကွေးရောဂါ A(H5N8) ပိုး တွေ့ရှိကြောင်း ရုရှားနိုင်ငံကျန်းမာရေးအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အော့တဝါ ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ အများပြည်သူကျန်းမာရေးဌာနက လတ်တလောကာလတွင် နိုင်ငံအတွင်း COVID-19 ကပ်ရောဂါအခြေအနေ ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း ဗီဇပြောင်း COVID-19 ရောဂါပိုး ပျံ့နှံလာမှုကြောင့် ကနေဒါနိုင်ငံအနေဖြင့် မဖြစ်မနေ ပိုမိုတင်းကျပ်သည့် ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများ ပြုလုပ်မှသာလျှင် ကပ်ရောဂါထပ်မံဆိုးရွားလာမှုကို တားဆီးနိုင်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၉...
အက်ခ်လန်၊ နယူးဇီလန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ အက်ခ်လန်မြို့ရှိ ကွာရန်တင်းအဆောက်အအုံတွင် နယ်စပ်အလုပ်သမားများကို ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပေးပြီးနောက် နိုင်ငံတစ်ဝန်း COVID-19 ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ဖေဖော်ဝါရီ ၂၀ ရက်၌ စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ချွန်ဘူရီ၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်ရှိ The Man That Rescues Dogs ဘေးမဲ့ဂေဟာကို ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကယ်ဆယ်ထားသော ခွေးအကောင်ရေ ၆၀၀ ကို စောင့်ရှောက်ထားလျက်ရှိသည်။ ထို့ပြင် Bangsaen နှင့် Sriracha...