Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် COVID-19 ဖြစ်ပွားမှု ပြီးဆုံးသွားသဖြင့် စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ စာသင်ကျောင်းသို့ ပြန်လည်တက်ရောက်လာသည့် ကျောင်းသူများကို ဇန်နဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ကမ္ဘောဒီးယားနိုင်ငံ ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းက ရပ်ရွာလူထုအတွင်း ပထမဆုံးအကြိမ် COVID-19 ဖြစ်ပွားမှု ပြီးဆုံးသွားပြီးနောက် နိုင်ငံတစ်ဝန်းရှိ အစိုးရကျောင်းများ ဇန်နဝါရီ ၁၁ ရက်၌ ပြန်လည်ဖွင့်လှစ်ပြီ ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ် Samdech Techo Hun Sen က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အသစ်အတွက် ပေးပို့သောသတင်းစကားအဖြစ် စာသင်ကျောင်းများအားလုံးအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ဘေးကင်းရေးဆောင်ရွက်ချက်များကို လိုက်နာကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ Bak Touk အထက်တန်းကျောင်းရှိ စာသင်ခန်းအတွင်းသို့ မဝင်ရောက်မီ ခန္ဓာကိုယ်အပူချိန်တိုင်းတာရန်နှင့် လက်ဆေးရန်အတွက် တန်းစီနေသည့် ကျောင်းသားကျောင်းသူများကို ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ အားလုံးအနေဖြင့် နှာခေါင်းစည်းများ ဝတ်ဆင်ကြရမည်ဖြစ်သလို ကိုယ်ခန္ဓာ အပူချိန်စစ်ဆေးကြရမည်ဖြစ်ပြီးလက်ဆေးခြင်းကိုလည်း မကြာခဏပြုလုပ်ကြရမည်ဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် ၁.၅ မီတာ အကွာအဝေးတွင် နေထိုင်ကြရမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

 ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ရှိ Chaktomouk မူလတန်းကျောင်းတွင် သန့်စင်ရန် ပြုလုပ်ထားသောနေရာမှ ဖြတ်သွားသည့် ကျောင်းသား၊ ကျောင်းသူများကို ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ပညာရေးဝန်ကြီးဌာန၊ ဆက်စပ်အဖွဲ့အစည်းတွေ ၊ ဒေသဆိုင်ရာတာဝန်ရှိသူတွေနဲ့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနဲ့အတူ ကျန်းမာရေးဘေးကင်းမှုနဲ့ တစ်ကိုယ်ရေကျန်းမာရေးပညာပေးတွေကို လုပ်ဆောင်ဖို့ ပညာရေးအဖွဲ့အစည်းတွေဆီကနေ COVID-19 ပျံ့နှံ့မှု ကာကွယ်ဖို့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု Hun Sen ပြောခဲ့သည်။

မြို့တော်ဖနွမ်းပင်ရှိ Bak Touk အထက်တန်းကျောင်းတွင် နှာခေါင်းစည်းတပ်ဆင်ထားသည့် ကျောင်းသူကျောင်းသားများသည် စာသင်ခန်းများအတွင်းသို့ မဝင်ရောက်မီ အပူချိန်တိုင်းရန်နှင့် လက်များကို အရက်ပြန်နှင့်ဆေးကြောရန် တန်းစီနေကြကို တွေ့ရသည်။

Bak Touk အထက်တန်းကျောင်း၏ ဒုတိယကျောင်းအုပ်ကြီး Khat Sarong က ၎င်းတို့၏ကျောင်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားသည့် ကျန်းမာရေးဆောင်ရွက်ချက်များကို ကောင်းမွန်စွာလိုက်နာလျက်ရှိကြောင်း ပြောကြားခဲ့သည်။

“လက်ဆေးဖို့နေရာတွေ အပါအဝင် နှာခေါင်းစည်းတပ်ဆင်ရေးနဲ့ ခပ်ခွာခွာနေရေးစတဲ့ ဘေးကင်းစိတ်ချရတဲ့ အရေးယူလုပ်ဆောင်မှုအားလုံးကို ပြင်ဆင်ထားပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
နှာခေါင်းစည်း တပ်ဆင်ထားသူ ကိုးတန်းကျောင်းသူ Sea Manita က COVID-19 ကြောင့် လများစွာကျောင်းပိတ်ခဲ့ပြီးနောက် ၎င်းအနေဖြင့်ကျောင်းပြန်တက်ရသည့်အတွက် အလွန်ပင်ပျော်ရွှင်ရကြောင်းပြောကြားခဲ့သည်။

“အတန်းထဲမှာ ဆရာ၊ ဆရာမတွေနဲ့ စာသင်ရတာက အွန်လိုင်းက လေ့လာရတာထက် အများကြီးပို ကောင်းတဲ့အတွက် ကျောင်းပြန်တက်ရလို့ ကျွန်မ အရမ်းပျော်ပါတယ်။ ကျောင်းသူ ကျောင်းသား အားလုံးအနေနဲ့လည်း ကျောင်းခန်းထဲ မဝင်မီ အရက်ပြန်နဲ့ လက်ဆေးပြီး နှာခေါင်းစည်းဝတ်ဆင်ကြဖို့ ကျွန်မ အကြံပြုချင်ပါတယ်”ပုဂ္ဂလိကကျောင်းများအနေဖြင့်မူ ပြီးခဲ့သည့်ရက်သတ္တပတ်က ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံသည် COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်အောင်မြင်ခဲ့ပြီဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားနိုင်ငံတွင် ယနေ့အထိ အတည်ပြုသူ ၃၉၂ ဦး ရှိပြီး ပြန်လည်ကျန်းမာလာသူ ၃၇၄ ဦးနှင့် သေဆုံးသူ လုံးဝမရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန အဆိုအရ သိရသည်။ (Xinhua)
…………………………………………
(English Version)
Cambodia reopens schools as community COVID-19 outbreak is over

PHNOM PENH, Jan. 11 (Xinhua) — Cambodia reopened public schools across the kingdom on Monday after the first community outbreak of COVID-19 was over late last year.
In a message to mark the new academic years 2020-2021, Prime Minister Samdech Techo Hun Sen urged all schools to strictly adhere to the safety measures set by the Ministry of Health.
He said both teachers and students must wear face masks, have their temperature checked, wash hands frequently and keep a social distance of 1.5 meters from each other.
“The Ministry (of Education), relevant institutions, local authorities and people must closely cooperate with the Ministry of Health to ensure health safety and education on hygiene, and to prevent the COVID-19 from spreading to the academic institutions,” Hun Sen said.
At the Bak Touk High School in capital Phnom Penh, students wearing face masks queued for temperature checks and hand washing with alcohol before being allowed to enter their classrooms.
Khat Sarong, the school’s deputy principal, said the school has properly followed the health measures introduced by the Ministry of Health.
“We have prepared all safety measures including hand washing facilities, face mask wearing and social distancing,” he told Xinhua. “We have routinely advised them on these health measures.”
Wearing a face mask properly, Sea Manita, a ninth grade student said she was very happy to go back to school after months of closure due to COVID-19.
“I feel so happy to return to school because studying with teachers in class is much better than learning online,” she told Xinhua. “I suggest that all students wear face masks and wash hands with alcohol before entering the school.”
Private schools reopened last week.
Cambodia has seen success in controlling the spread of COVID-19. The Southeast Asian country has reported a total of 392 confirmed cases to date, with zero deaths and 374 recoveries, according to the Ministry of Health.
1-Students return to school in Phnom Penh, Cambodia, Jan. 11, 2021. Cambodia reopened public schools across the kingdom on Monday after the first community outbreak of COVID-19 was over late last year. (Photo by Sovannara/Xinhua)
2- Students queue for temperature checks and handwashing before being allowed into their classrooms at the Bak Touk High School in Phnom Penh, Cambodia on Jan. 11, 2021. Cambodia reopened public schools across the kingdom on Monday after the first community outbreak of COVID-19 was over late last year. (Photo by Sovannara/Xinhua)
3- Students walk through a sanitizing booth at the Chaktomouk Primary School in Phnom Penh, Cambodia on Jan. 11, 2021. Cambodia reopened public schools across the kingdom on Monday after the first community outbreak of COVID-19 was over late last year. (Photo by Sovannara/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.