အက်ခ်ရာ၊ မတ် ၂ ရက် (ဆင်ဟွာ) ဂါနာနိုင်ငံ သမ္မတ Nana Addo Dankwa Akufo-Addo သည် မတ် ၁ ရက်က ဂါနာနိုင်ငံတွင် ပထမဆုံး COVID-19 ကာကွယ်ဆေးထိုးနှံသူဖြစ်လာခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ မတ် ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်တွင်းထုတ် C919 ခရီးသည်တင် လေယာဉ်အား ဈေးကွက်အတွင်း တရားဝင်ရောက်ရှိရန် China Eastern Airlines နှင့် တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး လေယာဉ်ကော်ပိုရေးရှင်း(COMAC) တို့ကြား လေယာဉ်ငါးစင်း ဝယ်ယူရန်အတွက် မတ် ၁ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း...
မနီလာ၊မတ် ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ လှူဒါန်းသော Sinovac CoronaVac ကာကွယ်ဆေးများတင်ဆောင်လာသော လေယာဉ်ကြီးသည် ဖိလစ်ပိုင်နိုင်ငံသို့ ဖေဖော်ဝါရီ ၂၈ ရက်က ရောက်ရှိလာခဲ့ရာ ယင်းမှာ ဖိလစ်ပိုင်ငံသို့ COVID-19 ကာကွယ်ဆေး ပထမဦးဆုံးရောက်ရှိလာခြင်းလည်း ဖြစ်သည်။
မကာအို၊ မတ် ၁ ရက်(ဆင်ဟွာ) ဒုတိယအသုတ် Sinopharmကာကွယ်ဆေး (၄)သိန်းသည် ဖေဖော်ဝါရီ ၂၈ ရက်က တရုတ်နိုင်ငံ မကာအိုသို့ ရောက်ရှိခဲ့ပြီဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှုများကို လာမည့်အပတ်တွင် စတင်ရန် ခန့်မှန်းထားကြောင်းသိရသည်။
ဝါရှင်တန်၊မတ် ၂ ရက်(ဆင်ဟွာ) ယခင်အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ဇနီး Melania Trump တို့နှစ်ဦးစလုံးသည် ဇန်နဝါရီလက သမ္မတအိမ်ဖြူတော်မှ မထွက်ခွာမီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး သီးသန့်ထိုးနှံမှုခံယူခဲ့ကြောင်း ထရမ့်အကြံပေး တစ်ဦး၏ သတင်းအရင်းအမြစ်ကို ကိုးကား၍ အမေရိကန်မီဒီယာက မတ် ၁ ရက်တွင် ဖော်ပြခဲ့သည်။
ဘူဒါပတ် ၊ မတ် ၁ ရက်(ဆင်ဟွာ) ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Viktor Orban သည် တနင်္ဂနွေနေ့က တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးထိုးနှံမှု ခံယူခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊မတ် ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်၏ အစိုးရအဖွဲ့သည် ယခင်သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်လက်ထက်က အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ကွဲကွာနေကြရသော ရွှေ့ပြောင်းနေထိုင်သူများ၏ မိသားစုဝင်များကို အမေရိကန်နိုင်ငံအတွင်း ပြန်လည်ပေါင်းစည်းခွင့်ရရှိစေရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း အမိမြေလုံခြုံရေးဝန်ကြီး Alejandro Mayorkas က မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။
မနီလာ၊မတ် ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်ငံသမ္မတဒူတာတေးက ဖိလစ်ပိုင်နိုင်ငံတွင် COVID-19 ရောဂါတိုက်ဖျက်ရန် Sinovac ကာကွယ်ဆေးများ ပေးပို့လှူဒါန်းသည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုက်သည်။
ဒမတ်စကပ်စ်၊ မတ် ၁ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်တစ်ဝိုက်ဒေသကို အစ္စရေးက ဖေဖော်ဝါရီ ၂၈ ရက်တွင် ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခဲ့ရာ ဆီးရီယားလေကြောင်းကာကွယ်ရေးစနစ်က ဒုံးကျည်အများစုကို ပြန်လည်ပစ်ချနိုင်ခဲ့ကြောင်း ဆီးရီးယားစစ်တပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ပါရီ ၊ မတ် ၁ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ၌ ပြီးခဲ့သော ၂၄ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ်လူနာသစ် ၁၉,၉၅၂ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၂၂ ဦးရှိခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးအေဂျင်စီက ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။