Connect with us

International Organizations

ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖောင်ဒေးရှင်းတည်ထောင်သူက တရုတ်နိုင်ငံသည် ကမ္ဘာ့ငွေကြေးစင်တာ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြား

ကမ္ဘာ့အကြီးဆုံးစာရင်းဝင် ရင်းနှီးမြှုပ်နှံမှုဖောင်ဒေးရှင်း (Hedge fund) ဖြစ်သည့် Bridgewater Associates တည်ထောင်သူ Ray Dalio အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လန်ဒန် ၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

လတ်တလောရက်ပိုင်းအတွင်း ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှုဖောင်ဒေးရှင်းစာရင်းဝင် (Hedge fund) ဖြစ်သည့် Bridgewater Associates တည်ထောင်သူ Ray Dalio က တရုတ်နိုင်ငံ သည် ကမ္ဘာ့ငွေကြေးစင်တာ ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ray Dalio က ဗြိတိန်နိုင်ငံ Financial Times သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှုအားဖြေကြားရာတွင် ၂၀၂၀ ပြည့်နှစ် သည် တရုတ်နိုင်ငံ ငွေကြေးဈေးကွက် အတွက် လွန်စွာ အဓိပ္ပါယ်လေးနက်ပြီး COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်မှာပင် တရုတ်နိုင်ငံ စီးပွားရေး ထူးခြားကောင်းမွန်မှုရှိသည်ကို ပေါ်လွင်ခဲ့ကြောင်း ၊ ယင်းအချက်ကြောင့် ရင်းနှီးမြှုပ်နှံမှုအများအပြား တရုတ်နိုင်ငံသို့ ဝင်ရောက်သွားစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံမေးမြန်းမှုအတွင်း Ray Dalio က လက်ရှိချိန်တွင် တရုတ်နိုင်ငံ၏ ငွေကြေးစနစ် သည် အနောက်နိုင်ငံ ကဲ့သို့ ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသော်လည်း ကမ္ဘာ့ဒုတိယအကြီးဆုံးသော အရင်းအနီး ဈေးကွက် (Capital market) အားပိုင်ဆိုင်ထားသဖြင့် နောက်ဆုံးတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ငွေကြေးစင်တာ နေရာသို့ ရောက်ရှိလာမည်ဟုယူဆကြောင်း ၊ သမိုင်းတစ်လျှောက် ပြန်လည်ကြည့်ရှုပါကလည်း ကုန်သွယ်မှု နိုင်ငံကြီး က နောက်ဆုံးတွင် ဖွံ့ဖြိုးတိုးတက်လာပြီး ကမ္ဘာ့ငွေကြေးစင်တာ အဖြစ်သို့ ရောက်ရှိလာခဲ့ကာ ကမ္ဘာ့ အရန်ငွေကြေး ကို ပိုင်ဆိုင်သွားကြကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Ray Dalio က မိမိ အနေဖြင့် ကာလတစ်လျှောက် တရုတ်နိုင်ငံ အပေါ် အကောင်းမြင်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ ၏ စီးပွားရေး သည် ကပ်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း ပြန်လည်ထူထောင်လာခြင်း ကြောင့် တရုတ်နိုင်ငံ ၏ ရှယ်ယာ နှင့် ဘွန်း တို့ က ကမ္ဘာ့ငွေကြေးအပေါ် သက်ရောက်မှု ရှိသော စာရင်းသို့ ထည့်သွင်းခံရပြီး တရုတ်နိုင်ငံ ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှုကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း ၊ လေ့လာသုံးသပ်သူများ နှင့် ငွေကြေးစီမံခန့်ခွဲသူများ က အနာဂတ်နှစ် အနည်းငယ်အတွင်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ က တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်၍ ပိုမိုတိုးချဲ့ နေရာယူသွားမည် ဟု ယူဆကြကြောင်း ၊ တရုတ်နိုင်ငံ ၏ Capital market ပမာဏ က ဆက်လက်တိုးချဲ့လာသည့် အပြင် အခြေအနေကလည်း အလွန်ကောင်းမွန်သဖြင့် လက်ရှိနိုင်ငံတကာ ၏ တရုတ်နိုင်ငံ အပေါ် ရင်းနှီးမြှုပ်နှံမှုသည် မလုံလောက်သေးကြောင်း ၊ Bridgewater Associates ၏ လုပ်ငန်းဆောင်ရွက်မှုအအတွက် တရုတ် နိုင်ငံ က အလွန်အရေးပါပြီး အနာဂတ် တွင် Bridgewater Associates က တရုတ်နိုင်ငံ ၌ ဘက်စုံယှဉ်ပြိုင်နိုင်မှု စွမ်းအား အားသာချက် ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

#Bridgewater #Investment #Foundation #Financial #ရင်းနှီးမြှုပ်နှံမှု #ဖောင်ဒေးရှင်း #စီးပွားရေး #ငွေကြေး #တရုတ် #ဆင်ဟွာ #Xinhua
…………………………………………
(Chinese Version)

(经济)全球最大对冲基金创始人:中国将成为世界金融中心

  新华社伦敦1月11日电(记者孙晓玲)全球最大对冲基金桥水基金创始人雷•戴利奥日前表示,中国将成为世界金融中心。
  戴利奥在接受英国《金融时报》采访时说,2020年对中国金融市场而言意义重大,新冠疫情危机凸显中国经济出色表现,促使大量投资流入中国。
  戴利奥说,尽管目前中国的金融体系不如西方国家发达,但“中国已经拥有世界第二大资本市场,我认为中国最终将拥有世界金融中心地位。纵观历史,贸易大国最终都发展成为全球金融中心,并拥有全球储备货币”。
  戴利奥表示,他长期看好中国。中国经济从疫情中恢复,其股票和债券被相继纳入有全球影响的金融指数中,这都增强了中国对外资的吸引力。许多分析人士和资金管理者认为,未来数年,国际投资者将继续加大在中国的资产配置。
  戴利奥认为,中国资本市场不仅规模在扩大,表现也很好,当前世界对中国的投资仍然不足。他表示,中国对桥水的业务具有重要意义,未来桥水将更全面地打造其在中国的竞争优势。(完)