Connect with us

Culture & Entertainment

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံ ပြင်ဆင်လျက်ရှိသည့် အမျိုးသားဇာတ်ရုံ(ရန်ကုန်) အား ၂၀၂၁ခုနှစ် ဒီဇင်ဘာ တွင် ပြီးစီးရန်ဆောင်ရွက်လျက်ရှိ

ပြုပြင်မွမ်းနေသည့် အမျိုးသားကဇာတ်ရုံအားတွေ့ရစဉ် (ဓာတ်ပုံ--သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံ ပြင်ဆင်လျက်ရှိသည့် အမျိုးသားဇာတ်ရုံ(ရန်ကုန်)၏ ပြင်ဆင်မွမ်းမံမှုမှာ ရာခိုင်နှုန်းအား ဖြင့် ၅၂ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၁ခုနှစ်ဒီဇင်ဘာလ တွင် ရာနှုန်းပြည့်ပြီးစီးရန်လျာထားဆောင်ရွက်လျက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြတ်သူက ဆင်ဟွာသို့ ဇန်နဝါရီ ၁၂ ရက်တွင်ပြောသည်။

“အမျိုးသားကဇာတ်ရုံ(ရန်ကုန်) ရဲ့ ပြုပြင်မွမ်းမံမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က ငွေရေးကြေးရေးရော၊ လူအင်အားရော ၁၀၀ ရာခိုင်နှုန်း ကူညီပေးထားတာပါ။ အခုလက်ရှိ မှာ တရုတ်နိုင်ငံဘက်က အင်ဂျင်နီယာက အယောက် ၃၀ကျော်၊ မြန်မာနိုင်ငံဘက်က အလုပ်သမား ၇၀ ကျော်နဲ့ COVID-19 စည်းမျဉ်းစည်းကမ်းနဲ့ အညီ ကျွန်တော်တို့ လုပ်ငန်းကို ဆောင်ရွက်နေပါတယ်။’’ ဟု ဦးမြတ်သူက ပြောသည်။

အမျိုးသား ဇာတ်ရုံ (ရန်ကုန်) အား ၁၉၈၅ ခုနှစ် မတ်လ တွင် မြန်မာ နိုင်ငံ သို့ ချစ်ကြည်ရေး ခရီး လာရောက် ခဲ့သည့် တရုတ် နိုင်ငံ သမ္မတ လီရှန်နင့် (Li Xiannian) က မေတ္တာလက်ဆောင် အဖြစ် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ အမျိုးသားဇာတ်ရုံ ပေါ်ထွန်းလာသည့် အတွက် မြန်မာ နိုင်ငံ အနုပညာ တင်ဆက်မှုများကို အဆင့်အတန်း မီမီ တင်ဆက်ပြသ နိုင်ခဲ့ပြီး နိုင်ငံတကာ မှ လာရောက်သည့် ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေး တင်ဆက်မှုများကိုလည်း အဆင့်အတန်း မီမီ လက်ခံကျင်းပ နိုင်ခဲ့ကြောင်း ၊ ၂၀၁၆ ခုနှစ် တွင် တရုတ် နိုင်ငံ မှ ခေတ်မီ LED Display Board များ လာရောက် တပ်ဆင်ပေးသည့် အတွက် စွမ်းဆောင်ရည် ပိုမို မြှင့်တင် နိုင်ခဲ့ကြောင်း ၊ အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြုပြင်မွမ်းမံရေး စာချွန်လွှာ ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

“ပြင်ဆင်မှုတွေပြီးသွားရင် နိုင်ငံတကာအဆင့်မီ အမျိုးသားကဇာတ်ရုံကြီးတစ်ခုဖြစ်လာမှာပါ။ ကျွန်တော်တို့ ပြန်လည်ပြုပြင်မွမ်းမံတဲ့အပိုင်းမှာ Structure ပိုင်းကမပြောင်းဘူး။ အပြင်ပိုင်းကြွေပြားတွေက အသစ်တွေ ပြန်ကပ်လိုက်တယ်။ မျက်နှာစာအပြင်ဒီဇိုင်းက နည်းနည်းပြောင်းသွားတယ်။ အတွင်းပိုင်းထိုင်ခုံတွေ အသစ်တွေ ပြန်တပ်မယ်။ အဲကွန်းစနစ်တွေ၊ အလင်းအမှောင်စနစ်တွေ၊ ရုပ်ရှင်ပြတဲ့စနစ်ကို ရုပ်ထွက်ပိုကောင်းတဲ့ 4K စနစ်ထည့်သွင်းမယ်။ CCTV ကင်မရာတွေ တပ်မယ်။ ဇာတ်ရုံရဲ့ အရှေ့ဘက် ညာဘက်အခြမ်းမှာဆိုရင် ပထမထပ်ကို တက်တဲ့ အပြင်လှေကားကြီးကို အသစ်တည်ဆောက်တယ်။မီးသတ်ရေကန်အကြီးကြီးဆောက်တယ်။ အရင်က မီးသတ်ရေမရှိဘူး။’’ ဟု ၎င်းကဆက်ပြောသည်။ပရိသတ်များကြည့်ရင် ထိုင်ခုံများအားလည်း နိုင်ငံတကာအဆင့်မီခုံများဖြင့် ပြောင်းလဲတပ်ခဲ့ပြီး ပရိသတ်ဦးရေ ၁၂၀၀ မှ ၁၃၀၀ ကြားကြည့်ရှုနိုင်မည်ဖြစ်ကြောင်းဆိုသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.