ဆန်တီယာဂို၊ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) ချီလီနိုင်ငံမြို့တော် ဆန်တီယာဂို ၏အရှေ့မြောက်ဘက်ဟွေချူရာဘာ(Huechuraba) ပြည်နယ်ရှိ ရဲ တပ်ဖွဲ့စခန်းအမှတ် (၅၄) တွင် ဇူလိုင် ၂၅ ရက်ကပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံးရဲတပ်ဖွဲ့ ဝင်ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ချီလီရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌနှင့် လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ သွားရောက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ် မစ္စတာ ဘောရစ်ဂျွန်ဆင် ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် အင်အားရစ်(ခ်)တာစကေး(၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
တူးနစ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တူနီးရှားသမ္မတ Beji Caid Essebsi သည် တူနီးရှားနိုင်ငံ၊ မြို့တော်တူးနစ်မြို့ ရှိ စစ်ဆေးရုံတွင် ဇူလိုင် ၂၅ ရက် ၌ ကွယ်လွန်ခဲ့ကြောင်း သမ္မတရုံးမှ ကြေညာချက်တစ်ရပ်တွင် ဖော်ပြပါရှိသည်။ (Xinhua)
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်မည့် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အရှေ့အာရှထိပ်သီးအစည်းအဝေး၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံဒေသဆိုင်ရာဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့ တက်ရောက်မည်...
ရန်ကုန်၊ ဇူလိုင် ၂၅ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၂၀ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) “Looking Up,”တရုတ်မိသားစုဒရမ်မာ ဇာတ်လမ်းသည် တရုတ်နိုင်ငံ ၏ လူကြိုက်အများဆုံးရုပ်ရှင်ကားများအား ဆန္ဒမဲကောက်ယူသည့် box office ၏ ဇူလိုင်လ ၂၄ရက်စာရင်းအရ ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်း တရုတ်ရုပ်ရှင် သတင်းအချက်အလက်ကွန်ရက် က ဇူလိုင် ၂၅ ရက် တွင်...
ကျိုချွမ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တရုတ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ ထုတ်လုပ်သော ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံသည် ဂြိုဟ်တုနှစ်ခုအား တင်ဆောင်ကာ ဂြိုဟ်ပတ်လမ်းအတွင်းသို့ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁း၀၀ နာရီတွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၏ အရှေ့မြောက်ပြည်နယ်ဖြစ်သော Pernambuco ပြည်နယ်၏ မြို့တော် Recifeတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုကျမှုကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဇူလိုင် ၂၄ ရက်တွင် ပြောကြားသည်။