Connect with us

Europe

ဂန္တဝင် ဂိုးသမား ကာစီးလက်စ် တရားဝင် အနားယူ လိုက်ကြောင်း ထုတ်ပြန်ကြေညာ

ရီးရဲလ်မက်ဒရစ် ၏ ဂန္တဝင် ဂိုးသမားဟောင်း ကာစီးလက်စ် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

လစ္စဘွန်း ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

အသက် ၃၉ နှစ် ရွယ် ဂန္တဝင် ဂိုးသမား ကာစီးလက်စ်သည် သြဂုတ် ၄ ရက်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ မှတစ်ဆင့် ၎င်းနောက်ဆုံး ပြောင်းရွှေ့ ကစားခဲ့သည့် ဘောလုံးအသင်း ဖြစ်သော ပေါ်တို ကလပ် အား ဦးစွာ ကျေးဇူးတင် ခဲ့ပြီး တရားဝင် အနားယူကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ကာစီးလက်စ် က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် “အာလုံးကိုနှုတ်ဆက်လိုက်ပါတယ် ၊ ပေါ်တို ကလပ် ကိုလည်း လွန်စွာ ကျေးဇူးတင်ပါတယ် ၊ ပေါ်တို က အလွန်ကောင်း တဲ့ ဘောလုံးအသင်း တစ်ခု ဖြစ်ပြီး အလွန်လှပတဲ့မြို့လည်း ဖြစ်ပါတယ် ၊ ငါတို့ထာဝရ အတူကွ ရှိနေမှာပါ” ဟု ရေးသား ဖော်ပြ ခဲ့သည်။ 

ရီးရဲမက်ဒရစ် အသင်း ၏ အသင်းခေါင်းဆောင်ဟောင်း ဖြစ်သူ ကာစီးလက်စ် သည် ၂၀၁၅ ခုနှစ် တွင် ပေါ်တို အသင်း သို့ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ပြီး ဘောလုံးရသီ ၄ ခု တွင် ၁၅၆ ပွဲ ပွဲထွက် ကစားခွင့်ရ ခဲ့သည်။ ၎င်းအနေဖြင့် Primeira Liga နှင့် Supertaça Cândido de Oliveira ပွဲစဉ် နှစ်ခုလုံး တွင် ဖလား ရရှိနိုင်ခဲ့ပြီး ချန်ပီယံလိဂ် တွင် ပွဲထွက်ကစားသည့် ပွဲပေါင်း ၁၇၇ အထိ တိုးမြှင့် နိုင်ခဲ့သည်။

ဝမ်းနည်းဖွယ်ကောင်းသည် မှာ ၂၀၁၉ ခုနှစ် မေလ တွင် ကာစီးလက်စ် သည် လေ့ကျင့်မှု ပြုလုပ်နေစဉ် နှလုံးအမောဖောက် ခဲ့ပြီး အရေးပေါ် အခြေအနေ မှ ကောင်းမွန်အောင် ကုသနိုင်ခဲ့သော် လည်း ထိုချိန် မှ စ၍ ပြိုင်ပွဲ ၌ ပါဝင်ခြင်း မရှိတော့ပေ ။ ယခုနှစ် ဘောလုံးရာသီ တွင်လည်း ပေါ်တို အသင်း က ပြည်တွင်း ဖလားနှစ်ခုလုံး ကို ရရှိခဲ့ပြိး ကာစီးလက်စ် သည်လည်း ဆုပေးပွဲ အခမ်းအနား ကို တက်ရောက် ကာ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် ဆုဖလားနှင့် တွဲ၍ ပုံများ တင်ခဲ့ပါသည်။

ကာစီးလက်စ် က လူမှုကွန်ရက်စာမျက်နှာ တွင် တရားဝင် အနားယူသည့် စာပိုဒ်ရှည် တစ်ခု ကို ရေးသားဖော်ပြ ခဲ့သည်။ စာထဲတွင် ၎င်း ၏ အားကစားသမား သက်တမ်း ကို ပြန်လည် သုံးသပ် ခဲ့ပြီး မိသားစု ၊ ရီးရဲလ်မက်ဒရစ် အသင်း ၊ ပေါ်တို အသင်း ၊ အားကစားသူငယ်ချင်း ၊ နည်းပြ နှင့် ပရိသတ် တို့ ၏ ထောက်ခံအားပေးမှု အပေါ် ကျေးဇူးတင်ကြောင်း ရေးသား ဖော်ပြခဲ့သည်။ ကာစီးလက်စ် အနေဖြင့် ပေါ်တို အသင်း သို့ မပြောင်းရွှေ့မီ ရီရဲလ်မက်ဒရစ် အသင်း တွင် ဘောလုံးရာသီ ၁၆ ရာသီ ကစား ခဲ့ပြီး လာလီဂါ ဖလား ၅ လုံး နှင့် ချန်ပီယံလိဂ် ဖလား ၃ လုံး အပါအဝင် ဆုဖလားပေါင်း ၁၉ လုံး ကို ရရှိနိုင်ခဲ့ကြောင်း ၊ ၎င်းအနေဖြင့် ၅ နှစ်ဆက်တိုက် ကမ္ဘာ့အကောင်းဆုံး ဂိုးသမား အဖြစ် ရွေးချယ်ခံရဖူးပြီး အသင်းခေါင်း ဆောင် အဖြစ် တာဝန်ယူကာ ကမ္ဘာ့ဖလား ၊ စူပါလိဂ်ဖလား နှင့် ချန်ပီယံလိဂ် ဖလား တို့ကို တစ်ပြိုင်တည်း ရယူနိုင်ခဲ့သည့် တောက်ပသော အောင်မြင်မှု ကို ရရှိနိုင်ခဲ့ကြောင်းသိရသည်။

ကာစီးလက်စ် အနားယူကြောင်း ကြေညာပြီးနောက် တွင် ပေါ်တို အသင်း အနေဖြင့် ကာစီးလက်စ် တာဝန်ထမ်းဆောင် ခဲ့စဉ် ကစားခဲ့သည့် ဘောလုံးပွဲ ဗီဒီယို စုစည်းမှု ကို ထုတ်ပြန် ခဲ့ပြီး “ကာစီးလက်စ် အား ကျေးဇူးတင်ပါတယ် ၊ သင်ဟာ ပေါ်တိုအသင်းရဲ့ ထာဝရ ကစားသမားပါ” ဟု ရေးသားဖော်ပြခဲ့သည်။ ပေါ်တူဂီ ဘောလုံး အဖွဲ့ချုပ် ကလည်း ကာစီးလက်စ် အား ကျေးဇူးတင်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့ပြီး ၎င်း၏ တောက်ပသည့် ကစားသမား မှတ်တမ်း အား ဂုဏ်ယူကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.