Connect with us

Europe

ရုရှား တိုက်လေယာဉ် က Barents ပင်လယ်ပြင်ပေါ်တွင် နော်ဝေကင်းထောက်လေယာဉ်အား တားဆီး

ရုရှား နိုင်ငံ လေတပ် ၏ MiG-31 တိုက်လေယာဉ် တစ်စင်းအား မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ရုရှားတိုက်လေယာဉ်က သြဂုတ် ၄ ရက်တွင် Barents ပင်လယ်ပြင်ပေါ် ဖြတ်သန်း ဝင်ရောက် လာသော နော်ဝေနိုင်ငံမှ ကင်းထောက်လေယာဉ် တစ်စင်းကို တားဆီး လိုက်ကြောင်း သိရသည်။

ရုရှားနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ရုရှား အစိုးရ တပ်ဖွဲ့ အနေဖြင့် သြဂုတ် ၄ ရက်က Barents ပင်လယ်ပြင် ပေါ်တွင် ပျံသန်းနေသော လေယာဉ် တစ်စင်း သည် ရုရှား နိုင်ငံ နယ်နိမိတ် အနီးသို့ ချဉ်းကပ် ပျံသန်းလာသည် ကို သိရှိခဲ့ရကြောင်း ၊ ရုရှား နိုင်ငံ မြောက်ပိုင်း ရေယာဉ်စု အနေဖြင့် MiG-31 တိုက်လေယာဉ် တစ်စင်း အား ပစ်မှတ်အနီးသို့ ချက်ချင်းစေလွှတ် ခဲ့ကြောင်း ၊ လုံခြုံသည့် အကွာအဝေး တွင် အဆိုပါ လေယာဉ် အား အတည်ပြု တားဆီး ခဲ့ပြီး ၄င်း သည် နော်ဝေလေတပ်မှ DA-20 ကင်းထောက်လေယာဉ်တစ်စင်း ဖြစ်ကြောင်း သိရသည်။သတင်းဖော်ပြချက်များအရ ရုရှား တိုက်လေယာဉ် အနေဖြင့် ပျံသန်းနေစဉ် အတွင်း နိုင်ငံတကာ လေပိုင်နက် အသုံးပြု ခြင်းဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာခဲ့ကြောင်း သိရသည်။  (Xinhua)