Connect with us

Asia

ပေကျင်းက နိုင်ငံတကာဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်ရေးပြပွဲအတွက် အရှိန်မြှင့်ဆောင်ရွက် 

တရုတ်နိုင်ငံ ပေကျင်းမြို့တော် Wangfujing လူသွားလမ်းနံဘေးတွင် တရုတ် နိုင်ငံတကာဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်ရေးပြပွဲ ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသော သရုပ်ဖော်တင်ဆက်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာလ အစောပိုင်း၌ ကျင်းပရန်လျာထားသော တရုတ် နိုင်ငံတကာဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်ရေးပြပွဲအတွက် အရှိန်မြှင့်လုပ်ဆောင်နေကြောင်း၊ ယင်းပြပွဲတွင် အွန်လိုင်းရော အော့ဖ်လိုင်း (offline) ပါ ပြပွဲများပါဝင်မည်ဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ဩဂုတ် ၄ ရက်၌ ပြောကြားခဲ့သည်။

ဝန်ဆောင်မှုကုန်သွယ်ရေးတွင် အဓိကဘက်စုံပြပွဲတစ်ခုဖြစ်သော ယခုနှစ်ပြပွဲ၌ ဩဂုတ် ၄ ရက်အထိ နိုင်ငံတကာအဖွဲ့အစည်းများ၊ တရုတ်နိုင်ငံအတွင်းရှိ သံရုံးများ၊ စီးပွားရေးကုန်သွယ်ရေးအသင်းများနှင့် အဖွဲ့အစည်း ၁၄၁ ခု ပါဝင်တက်ရောက်မည်ဟု မျှော်လင့်ထားကြောင်း ပေကျင်းမြို့တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဗျူရို ဒုတိယ ဌာနမှူး Sun Yao က သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

ထို့ပြင် ပြည်ပမှ ဧည့်သည်တော်များ၊ ပြခန်းပြသမည့်သူများနှင့် ကုန်သည်များသည် အွန်လိုင်းပြပွဲသို့ အဓိက တက်ရောက်ကြမည်ဖြစ်သလို တရုတ်နိုင်ငံအတွင်းရှိသူများအနေဖြင့် အော့ဖ်လိုင်း (offline) ပြပွဲများ၌ ပါဝင်ကြမည် ဖြစ်ကြောင်း Sun က ဆိုသည်။

အဆိုပါ ပြပွဲ၌ ယဉ်ကျေးမှုဆိုင်ရာ ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုများ၊ ငွေကြေးဝန်ဆောင်မှုများ၊ ဆောင်းရာသီအားကစားများနှင့် စက်ရုပ်များ စသည်တို့ပါဝင်မည် ဖြစ်သည်။ ထို့ပြင် ပြပွဲတွင် ထိပ်သီးအစည်းအဝေး လေးခုနှင့် ဆွေးနွေးပွဲများနှင့် အရောင်းမြှင့်တင်ခြင်းဆိုင်ရာပွဲပေါင်း ၁၀၀ ကျော် ထည့်သွင်းကျင်းပသွားမည် ဖြစ်သည်။၂၀၁၉ ခုနှစ်က ကျင်းပခဲ့သော ပြပွဲတွင် ကနဦးသဘောတူညီချက် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၅ ဘီလီယံ ရရှိခဲ့ကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117