Connect with us

Local

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၀ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၅ ဒသမ ၁ ဘီလီယံနီးပါး ရရှိ 

ရန်ကုန်မြို့ရှိ အေးရှားဝေါလ် ဆိပ်ကမ်းအား တွေ့ရစဉ်(ဆင်ဟွာ)

 

ရန်ကုန် ၊ ဩဂုတ် ၅ ရက်(ဆင်ဟွာ)

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၀ လတာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ၅ ဒသမ ၁ ဘီလီယံနီးပါး ရရှိထားပြီး လျာထားချက် ပြည့်မီရန် အလားအလာကောင်းကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

“လျာထားချက်ကတော့ ပြည့်မီဖို့အတွက် အလားအလာကောင်းတာပေါ့။ အခုချိန်မှာလေ။ လျာထား တာက ၅ ဒသမ ၈ ဆိုတဲ့အခါကြတော့  အခု ၅ ဒသမ ၁ နီးပါး ရောက်နေပြီ။”ဟု ၎င်းက ပြောကြား ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြု ပေးခဲ့မှုသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၂၁၉ ခု ၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၃,၈၄၈ ဒသမ ၇၁၀ သန်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၄,၉၇၇ ဒသမ ၈၂၂ သန်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှုအရ သိရသည်။

ထို့အတူ အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၁၆ ဒသမ ၅၅၇ သန်း ဖြစ်ကြောင်း သိရသည်။ 

“ ပထမဆုံး အခုအချိန်ထိ ရင်းနှီးမြှုပ်နှံမှု များနေတဲ့ ကဏ္ဍကတော့ လျှပ်စစ်ကဏ္ဍပါ။ ဒီနှစ်ထဲမှာလည်း တော်တော်ဝင်တဲ့အနေအထား ရှိပါတယ်။ ဒုတိယကတော့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ၊ တတိယကတော့ ကုန်ထုတ်လုပ်မှုပေါ့။ ပထမ ၊ ဒုတိယ ၊ တတိယဆိုပြီး အစဉ်လိုက် ရင်းနှီးမြှုပ်နှံမှုများနေတဲ့ အနေအထား ရှိပါတယ်။”ဟု အဆိုပါ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ထည့်သွင်း ပြောကြားခဲ့သည်။ 

ထို့အတူ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/အတည်ပြု ပေးခဲ့မှုသည်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၁၃ ခု ၊ အမေရိကန်ဒေါ်လာ ၂၄၄ ဒသမ ၄၀၉ သန်း အပါအဝင် ကျပ် ၁,၂၃၃,၄၉၆ ဒသမ ၃၁၆ သန်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန် ဒေါ်လာ ၃၄၈ ဒသမ ၂၉၃ သန်း အပါအဝင် ကျပ် ၁,၅၄၃,၃၈၃ ဒသမ ၄၀၆ သန်း ဖြစ်ကြောင်း သိရသည်။ 

ထို့အပြင် မြန်မာနိုင်ငံရှိ အာမခံကုမ္ပဏီ ၂၄ ခုမှ မတည်ရင်းနှီးငွေ ပမာဏ အမေရိကန် ဒေါ်လာ ၁၅၂ ဒသမ ၁၁၇ မီလီယံ ၊ ကျပ်ငွေ ၆၇ ဒသမ ၃၁၇ ဘီလီယံဖြင့် လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.