Connect with us

Latin America

ကိုလံဘီယာနိုင်ငံ တရားရုံးချုပ် က သမ္မတဟောင်း အား ဖမ်းဆီးရန် ခွင့်ပြုမိန့် ထုတ်ပြန်

ကိုလံဘီယာ နိုင်ငံ သမ္မတဟောင်း Alvaro Uribe Velez အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘိုဂိုတာ ၊ သြဂုတ် ၅ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ တရားရုံးချုပ်က အဂတိလိုက်စားမှု ၊ သက်သေအား လာဘ်ထိုးမှု နှင့် လိမ်လည်မှုများဖြင့် သံသယ ရှိနေသည့် သမ္မတဟောင်း Alvaro Uribe Velez အား ဖမ်းဆီးရန် အမိန့်ကြေညာချက်ကို  သြဂုတ် ၄ ရက် တွင် ထုတ်ပြန် ခဲ့သည်။

ယင်းမှာ ကိုလံဘီယာ အမြင့်ဆုံး တရားရုံးက ပထမ ဦးဆုံး အကြိမ်အဖြစ်  နိုင်ငံ့ ခေါင်းဆောင်ဟောင်း တစ်ဦးအား ဖမ်းဆီးရန် ဝရမ်း အမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။Alvaro Uribe Velez က မိမိ၏ လွတ်လပ်မှုကို လဲလှယ်ခြင်းခံလိုက်ရကြောင်း ၊ မိမိချစ်ခင်ရသူ ၊ မိသားစု နှင့် ကိုလံဘီယာ ပြည်သူများအတွက် နက်ရှိုင်းစွာ ဝမ်းနည်းမိကြောင်း ဖမ်းဝရမ်း ထုတ်ပြန်သည့် နေ့မှာပင် ၄င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ရေးသား ဖော်ပြ ခဲ့သည်။

ကိုလံဘီယာ နိုင်ငံ လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်သည့် Cepeda က ၂၀၁၂ ခုနှစ် တွင် သမ္မတဟောင်း Alvaro Uribe Velez အနေဖြင့် ကိုလံဘီယာ အနောက်မြောက်ပိုင်း Antioquia ပြည်နယ် စစ်ဘက်ဆိုင်ရာ နယ်နိမိတ် အတွင်း ရှိ မူးယစ်ဆေးဝါး အဖွဲ့အစည်းများ နှင့် ပတ်သက်ဆက်နွယ်မှု ရှိကြောင်း စွပ်စွဲ ခဲ့ပြီး Alvaro Uribe Velez က မူ ယင်းစွပ်စွဲချက် များကို ငြင်းဆိုခဲ့သည်။

ထိုသို့စွပ်စွဲခဲ့သည့် လွတ်တော် ကိုယ်စားလှယ် အနေဖြင့် အကျဉ်းထောင်အတွင်းရှိ တပ်ဖွဲ့ဝင်ဟောင်းအား ဖိအားပေး၍ မဟုတ်မမှန်သည့် စွပ်စွဲမှုများ ပြုလုပ်စေခဲ့ ကြောင်း Alvaro က ဆက်လက်ပြောကြား ခဲ့သည်။နှစ်ပေါင်းများစွာ စစ်ဆေးမှုများ ဆောင်ရွက်ပြီးနောက် ကိုလံဘီယာ အမြင့်ဆုံး တရားရုံး က ၂၀၁၈ ခုနှစ် ၌ Alvaro အား သက်သေအထောက်အထား စုဆောင်းရာတွင် လာဘ်ထိုးခြင်း နှင့် ဖိအားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပြစ်မှုထင်ရှားသည်ဟု အမိန့်ချမှတ် ခဲ့သည်။

ယခင်နှစ် အောက်တိုဘာလ တွင် ကိုလံဘီယာ အမြင့်ဆုံးတရားရုံး က သမ္မတဟောင်း အား အချိန် ၇ နာရီကြာ စစ်ဆေးမေးမြန်းမှု ပြုလုပ် ခဲ့ပြီး စုံစမ်းစစ်ဆေးမှု အသစ်တစ်ဖန် ပြန်လည်ပြုလုပ်ရန် ကြေညာခဲ့သည်။Alvaro Uribe Velez သည် ၂၀၀၂ ခုနှစ် မှ ၂၀၁၀ ခုနှစ် အထိ ကိုလံဘီယာ နိုင်ငံ သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၅ ခုနှစ် မှ ၁၉၉၈ ခုနှစ်အထိ Antioquia ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း သိရှိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117