တီဟီရန် ၊ မေ ၇ ရက်(ဆင်ဟွာ) အမေရိကန်၏ အီရန် နျူကလီးယားသဘောတူညီချက်မှ နုတ်ထွက်ခြင်းနှင့် အီရန်အပေါ် ပိတ်ဆို့မှုများ ပြန်လည်စတင်ခြင်းကို တုန့်ပြန်ဆောင်ရွက်ရန် အီရန်က ယခုရက်ပိုင်းများတွင် ကြေညာမည်ဖြစ် ကြောင်း အီရန် မီဒီယာများ၏ မေ ၆ ရက် သတင်းများအရ သိရသည်။
ဝါရှင်တန် ၊ မေ ၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန်က အရှေ့အလယ်ပိုင်းဒေသ၌ အီရန်နိုင်ငံ၏ ခြိမ်းခြောက်မှုကို ထိန်းချုပ်ရန် ဗုံးကြဲလေယာဉ်အုပ်စု တင်ဆောင်ထားသော လေယာဉ်တင်သင်္ဘော တစ်စင်းပါဝင်သည့် သင်္ဘောအုပ်စုကို တပ်စွဲထားမည်ဖြစ်ကြောင်း မေ ၅ ရက်တွင် ပြောကြားခဲ့သည်။
ဂျေရုစလမ် ၊ မေ ၇ ရက်(ဆင်ဟွာ) အစ္စရေး နိုင်ငံ၏ လူဦးရေမှာ ၉ သန်းကျော် လွန်သွားပြီ ဖြစ်ကြောင်း နိုင်ငံ၏ ဗဟိုစာရင်းအင်းဗျူရိုက မေ ၆ ရက်တွင် ထုတ်ပြန်ချက်၌ ဖော်ပြထားကြောင်း သိရသည်။
အန်ကာရာ ၊ မေ ၇ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ ၏ အမြင့်ဆုံးရွေးကောက်ပွဲ ကောင်စီက အာဏာရပါတီ ၏ တောင်းဆိုချက်အရ အစ္စတန်ဘူလ်ရွေးကောက်ပွဲ ရလဒ်အားဖျက်သိမ်းကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီက ဖော်ပြခဲ့သည်။
ပဲရစ် ၊ မေ ၇ ရက် (ဆင်ဟွာ) ပြင်သစ် နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က မေလ ၆ ရက် ၌ ရုရှား နိုင်ငံ နှင့် ဥရောပ ကောင်စီ အကြား သဘောထား ကွဲလွဲမှု...
နေပြည်တော်၊ မေ ၇ ရက်(ဆင်ဟွာ) ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ သတင်းအချက်အလက်များကို အများပြည်သူ သိရှိစေရေးအတွက် တတ်နိုင်သမျှ ပေးကြရန်၊ ဖြစ်နိုင်လျှင် မိမိတို့၏ website တွင် ဘာသာရပ် အမျိုးမျိုးဖြင့် အသိပေး ခြင်းများ အတတ်နိုင်ဆုံး ဆောင်ရွက်ကြရန် မေတ္တာရပ်ခံပါကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး...
မက္ကဆီကိုစီးတီး ၊ မေ ၇ ရက်(ဆင်ဟွာ) မက္ကဆီကို နိုင်ငံ မြောက်ပိုင်း Coahuilaပြည်နယ်တွင် ပျောက်ဆုံးနေသည့် လေယာဉ်၏အပိုင်းအစများ ကို ရှာတွေ့ခဲ့ရာ လေယာဉ်ပေါ်ရှိလူ ၁၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မနီလာ၊ မေ ၇ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတွင် ခရီးသည်တင်ဘတ်စ်ကားနှင့် ကုန်တင် ၁၀ ဘီးထရပ်ကားတို့ ခေါင်းချင်းဆိုင်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး အခြားသူ ၇၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က မေလ၇ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဆာဂျီလာဗ့်ရုဗ် (Sergei Lavrov) က မေ၆ ရက်က ဖင်လန်နိုင်ငံ Rovaniemi မြို့တော်၌ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး မိုက်ပွန်ပီယို နှင့်တွေ့ဆုံစဉ် ဗင်နီဇွဲလားနိုင်ငံအကျပ်အတည်းအပေါ် စစ်ရေးနည်းလမ်းတစ်ခုဖြင့် အဖြေရှာခြင်းကို ရုရှားနိုင်ငံက...
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) ပြည်တွင်း၊ ပြည်ပလေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် AIR KBZ လေကြောင်းလိုင်းမှ မှာယူထားသည့် လေယာဉ်သစ်များ မေလ၆ ရက် တွင် ရောက်ရှိ ခဲ့ကြောင်း သိရသည်။