Connect with us

Europe

ရုရှား နိုင်ငံ မှ ဥရောပ ကောင်စီ တွင် ဆက်လက်တည်ရှိနေရန် မျှော်လင့်ကြောင်း ပြင်သစ် နိုင်ငံ သမ္မတ ပြောကြား

- ပြင်သစ် နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပဲရစ် ၊ မေ ၇ ရက် (ဆင်ဟွာ)

ပြင်သစ် နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က မေလ ၆ ရက် ၌ ရုရှား နိုင်ငံ နှင့် ဥရောပ ကောင်စီ အကြား သဘောထား ကွဲလွဲမှု ရှိနေသော်လည်း မိမိ အနေဖြင့် ရုရှား နိုင်ငံ အား ဥရောပ ကောင်စီ တွင် ဆက်လက်တည်ရှိနေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မက်ခရွန် က ၆ ရက် ၌ ပဲရစ် တွင် အလည်အပတ် ခရီးစဉ်ဖြင့် ရောက်ရှိလာသည့် ဥရောပ ကောင်စီ အတွင်းရေးမှူးချုပ် သော့ဘ်ဂျွန် ဂျက်လန်း (Thorbjørn Jagland) နှင့် တွေ့ဆုံပြီး ကျင်းပ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် မိမိ အနေဖြင့် ရုရှား နိုင်ငံ အား ဥရောပ ကောင်စီ တွင် ဆက်လက်တည်ရှိနေရန် မျှော်လင့်ကြောင်း ၊ ဥရောပ ကောင်စီ က ရုရှား နိုင်ငံ အား လိုအပ် သကဲ့သို့ ရုရှား နိုင်ငံ အနေဖြင့်လည်း ဥရောပ ကောင်စီ အား လိုအပ်ကြောင်း ၊ ထို့ကြောင့် ရုရှား နိုင်ငံ ၏ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် ပိုင်ဆိုင်သည့် အခွင့်အရေး ကို လေးစားရန် လိုအပ်ပြီး ရုရှား နိုင်ငံ အနေဖြင့်လည်း ဥရောပ ကောင်စီ အဖွဲ့ဝင် နိုင်ငံ ၏ တာဝန် ကို လိုက်နာဆောင်ရွက်သွားရန် လိုအပ်ကြောင်း ၊ လက်ရှိချိန်တွင် ဥရောပ ကောင်စီ ၏ လည်ပတ်မှု နှင့် ဥရောပ ပြည်သူလူထု အတူတကွ အသိုက်အဝန်း က စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြား ခဲ့သည်။

ဥရောပ ကောင်စီ က ဥရောပ တိုက် တစ်ခုလုံးအား လွှမ်းခြုံထားသည့် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ရုရှား နိုင်ငံ က ၁၉၉၆ ခုနှစ် တွင် ပါဝင် ခဲ့ကြောင်း ၊ ၂၀၁၄ ခုနှစ် ဧပြီ လ တွင် ကျင်းပ ပြုလုပ်သည့် ဥရောပ ကောင်စီ ညီလာခံ တွင် Crimea အရေး ကို အကြောင်းပြု၍ ရုရှား နိုင်ငံ ၏ ကောင်စီ ၌ မဲပေးပိုင်ခွင့် ကို ရုပ်သိမ်းကြောင်း ၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလ တွင် ရုရှား နိုင်ငံ က ဥရောပ ကောင်စီ အဖွဲ့ဝင်ကြေး ပေးသွင်းခြင်း ကို ရပ်ဆိုင်းလိုက်ကြောင်း ၊ ဥရောပ ကောင်စီ က ရုရှား နိုင်ငံ အနေဖြင့် ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်း အချိန်ထိ အဖွဲ့ဝင်ကြေး ပေးသွင်းခြင်း မရှိပါက ကောင်စီ မှ ထုတ်ပယ်မည် ဟု ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.