လေ့ာအိန်ဂျလိစ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ပိုင်း လော့အိန်ဂျလိစ်မြို့ ရှိ Salvador Castro အလယ်တန်းကျောင်း တွင် ဖေဖော်ဝါရီ ၁ရက်က စာသင်ခန်းတစ်ခုအတွင်း သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကျောင်းသား ၂ဦးအပါအဝင် လူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) မြန်မာ့ရိုးရာစားသောက်ကုန်လုပ်ငန်းများသည် FDA ထောက်ခံချက်မရရှိသေးပဲ စည်ပင်၊ကျန်းမာရေးလိုင်စင်ဖြင့် သာ လုပ်ငန်းလုပ်ကိုင်နေရသောကြောင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချနေသည့်လုပ်ငန်းများအား FDA (မြန်မာနိုင်ငံ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန) ထောက်ခံချက်ရရှိနိုင်ရေး ဆောင်ရွက်ပေးပါရန် စက်မှုဇုန်များ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းနိုင်က နိုင်ငံတော်ဒုတိယ သမ္မတ...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအရေး အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်နိုင်ရေး အပါအဝင် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ မူဝါဒအတိုင်း ဆောင်ရွက်သွားမည့် ပြန်လည် ထူထောင်ရေး ဦးစီးဌာန အသစ်ကို တိုးချဲ့ဖွဲ့စည်းထားကြောင်း...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ၊ဗန်းမော်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၄)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Modayag မြို့ အရှေ့တောင်ဘက် ၁၃၈ကီလိုမီတာအကွာ၌ ဖေဖော်ဝါရီ ၂ရက် ဂင်းနစ်စံတော်ချိန် ၀၀း၂၀း၄၂ နာရီ တွင် အင်အား ရစ်ချ်တာစကေး ၅.၅ ပမာဏရှိသည့် ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေး (USGS) ကပြောကြားခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှု လျှော့ချရေး ဗဟိုဌာန (IPRCC:_ International Poverty Reduction Center China) တို့...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်း စီးဆင်းလျက်ရှိသော မြစ်ချောင်းများတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဂါဇာ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ရှိ ဆေးရုံ ၇ ရုံတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆေးရုံဝန်ဆောင်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့ရကြောင်း ပါလက်စတိုင်းနယ်မြေရှိ ကျန်းမာရေးအာဏာပိုင်များက ဇန်နဝါရီလ ၃၁ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) အကောက်ခွန်မဲ့ ပစ္စည်းများကို တားဆီး စစ်ဆေး အရေးယူလျက် ရှိရာ ဇန်နဝါရီ ၁၅ ရက်မှ ၂၁ ရက်အတွင်း တင်သွင်း၊ တင်ပို့ခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အကောက်ခွန်မဲ့ ပစ္စည်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၉...
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာန အနေဖြင့် လူငယ်မျိုးဆက်သစ် ဒိုင်လူကြီးသင်တန်း (1/2018)ကို ၂၀၁၈ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။