Connect with us

Science & Technology

တရုတ်နိုင်ငံမှ ပထမဆုံးတီထွင်ထုတ်လုပ်သော ဝင်ရိုးစွန်းသွား သင်္ဘောကို စမ်းသပ်မောင်းနှင်


နန်ကျင်း ၊ မတ် ၁၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ပထမဆုံးတီထွင်ထုတ်လုပ်ခဲ့သည့် ဝင်ရိုးစွန်းဒေသစူးစမ်းလေ့လာရေး သင်္ဘောကြီးကို မတ် ၁၂ ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်း Jiangsu ပြည်နယ် ဟိုင်မန်(Haimen) ၌ ရေချ စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရသည်။

သင်္ဘောတည်ဆောက်ရေး တရုတ်ကုန်သည်ကြီးများအုပ်စုမှ အထွေထွေမန်နေဂျာ Hu Xianfu က အဆိုပါဝင်ရိုးစွန်းသွားသင်္ဘောမှာ အလျား ၁ဝ၄.၄ မီတာ နှင့် အကျယ် ၁၈.၄ မီတာ ရှိကြောင်း ပြောကြားခဲ့သည်။ ၎င်းသင်္ဘောသည် တစ်နာရီလျှင် ၁၅.၅ ရေမိုင်နှုန်းဖြင့် အရှိန်မြင့်မောင်းနှင်နိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ထားသော ဝင်ရိုးစွန်းသွားသင်္ဘော စမ်းသပ်မောင်းနှင်ခြင်း အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ တီထွင်ထုတ်လုပ်ထားသော ဝင်ရိုးစွန်းသွားသင်္ဘော စမ်းသပ်မောင်းနှင်ခြင်း အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

သင်္ဘောတွင်တပ်ဆင်ထားသော ကိရိယာများကို စမ်းသပ်စစ်ဆေးခြင်း နှင့် ဖြည့်စွက်တပ်ဆင်ခြင်းများ ဆက်လက်ဆောင်လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်ကြောင်း Hu ကပြောကြားခဲ့ပြီး သင်္ဘောကို ပိုင်ဆိုင်သည့် Sunstone Ships Inc က စတင်မောင်းနှင်မည့် စက်တင်ဘာလမတိုင်မီ ဇူလိုင်လအတွင်း ဆောင်ရွက်ဖွယ်ရာများကို အပြီးလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဆိုသည်။

Sunstone သည် ကမ္ဘာ့ထိပ်တန်းသင်္ဘော သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်သင်္ဘောတည်ဆောက်ရေး China Merchants Group ထံမှ စုစုပေါင်း သင်္ဘော ၁ဝ စင်း မှာယူထားကြောင်း သိရသည်။

သင်္ဘောတည်ဆောက်ရေးကို ၂ဝ၁၈ ခုနှစ်မတ်လ တွင် စတင်ခဲ့ကြောင်း Sunstone ၏ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် Niels-Erik Lund ကပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ထိပ်တန်းသင်္ဘောတည်ဆောက်ရေးကုမ္ပဏီများအား ကိုယ်စားပြုအနေဖြင့် လုပ်ငန်းများမှာ တိုးတက်ကောင်မွန်လျက်ရှိကြောင်း ဆိုသည်။(Xinhua)