Connect with us

Economy

မြန်မာ နိုင်ငံ စီးပွားရေး ပိုမို ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ တရုတ်(ကွမ်တုန်း) – မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ကျင်းပ


ရန်ကုန် ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်(ကွမ်တုန်း) – မြန်မာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ကို မတ်လ ၁၂ ရက် နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ WYNDHAM GRAND YANGON ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး နှစ်နိုင်ငံ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် များ နှင့် စီးပွားရေး လုပ်ငန်းရှင်များ က စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောထား အမြင်များ အား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

မြန်မာ နိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က အခမ်းအနား အဖွင့် နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မြန်မာ နိုင်ငံ နှင့် တရုတ် နိုင်ငံ တို့က အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပြီး ရှေးပဝေသဏီ မှ စတင်၍ ကဏ္ဍ အသီးသီး တွင် ဆွေးမျိုးပေါက်ဖော် စိတ်ဓာတ်ဖြင့် ခင်မင်ရင်းနှီးစွာ ပူးပေါင်းဆက်ဆံခဲ့ကြကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် မြန်မာ နိုင်ငံ ကဏ္ဍ အသီးသီး တွင် ကူညီပံ့ပိုး ပူးပေါင်းဆောင်ရွက်လျင်ရှိနေသဖြင့် နှစ်နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု အကြား ပူးပေါင်းဆောင်ရွက်မှု က တစ်နေ့ တစ်ခြား တိုးတက်မြင့်မားလျက်ရှိကြောင်း ၊ မြန်မာ နိုင်ငံ ၏ ပြည်ပ ရင်းနှီးမြှုပ်နှံမှု စာရင်း တွင် ၃၁.၁.၂၀၁၉ အထိ တရုတ် နိုင်ငံ က ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ (၄၉) နိုင်ငံ အနက် အများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ ဖြစ်ပြီး လုပ်ငန်းပေါင်း (၃၀၄) ခု အား အမေရိကန် သန်း ၂၀၃၆၉.၁၉၇ ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုပိန့် ရရှိထားပြီး ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြည်ပြည်ဆိုင်ရာ မှ လာရောက် ရင်းနှီးမြှုပ်နှံသူ များ လာရောက် လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ ဥပဒေ များကို ပြဌာနပေးခဲ့ပြီး တရုတ် စီးပွားရေး လုပ်ငန်းရှင်များ နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရန် ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က အခမ်းအနား အဖွင့် နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ တရုတ် ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေ က နှုတ်ခွန်းဆက် စကား ပြောကြား ရာတွင် တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ၏ ကုန်သွယ်ရေး မိတ်ဖက် နှင့် အများဆုံးသော ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သည့် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် အခြေခံအဆောက်အဦ တည်ဆောက်မှု ပိုင်းတွင် အထောက်အကူ ဖြစ်စေ ခဲ့ကြောင်း ၊ ယနေ့ ကျင်းပ ပြုလုပ်သည့် ဆွေးနွေးပွဲ မှ တစ်ဆင့် နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အား ပိုမို တိုးတက်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ တရုတ် ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေ က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် က တရုတ် နိုင်ငံ ကွမ်တုန်း ပြည်နယ် က ပြုပြင်ပြောင်းလဲ ကို ဦးစွာ ဆောင်ရွက်ခဲ့သည့် ပြည်နယ် တစ်ခု ဖြစ်ပြီး စီးပွားရေး တည်ဆောက်မှု ပိုင်းတွင် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ က ဖွံ့ဖြိုးတိုးတက်မှု ကို အရှိန်မြင့်တင် ဆောင်ရွက်နေသည့် အရေးပါသည့် အချိန်ကာလ ဖြစ်သောကြောင့် ကွမ်တုန်း ပြည်နယ် ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံ အား အတုယူ၍ ကွမ်တုန်း ပြည်နယ် နှင့် ကုန်သွယ်ရေး နှင့် ကုန်ထုတ်လုပ်ရေး ပိုင်းတွင် ချိတ်ဆက်မှုများ တိုးချဲ့ ဆောင်ရွက်ခြင်း က မြန်မာ နိုင်ငံ စီးပွားရေး နှင့် လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ၊ လတ်တလော နှစ်ပိုင်း အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ က ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အောက်တွင် စီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တွင် တိုးတက်မှုများစွာ ရရှိခဲ့ကြောင်း ၊ တရုတ်-မြန်မာ ကုန်သည် လုပ်ငန်းရှင်များ အနေဖြင့် အပြန်အလှန် ချိတ်ဆက်မှုများ ကို တွန်းအားပေး ဆောင်ရွက်ကာ ပူးပေါင်းဆောင်ရွက်မှု အား မြှင့်တင်ပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အား သမိုင်းသစ်ရေးထိုး သွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ကွမ်တုန်း ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ အုန်းရန်ဝေမင် (Mr.Ouyang Weimin) က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ၂၀၁၈ ခုနှစ် တွင် ကွမ်တုန်း ပြည်နယ် နှင့် မြန်မာ နိုင်ငံ အကြား အပြန်အလှန် ကုန်သွယ်မှု ပမာဏ မှာ အမေရိကန် ဒေါ်လာ ၁.၆၃၂ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၁.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ် ကွမ်တုန်း ပြည်နယ် ၏ GDP က အမေရိကန် ဒေါ်လာ ၁.၄ ထရီလီယံ ရှိခဲ့ပြီး ယခင်နှစ်ထက် ၆.၈ ရာခိုင်နှုန်း တိုးတက် ခဲ့ကြောင်း ၊ ကွမ်တုန်း ပြည်နယ် အနေဖြင့် မြန်မာ နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်ရန် အတွက် အခြေခံအေဆောက်အဦး တည်ဆောက်ရေး တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း ၊ အဓိက ကုန်ထုတ်လုပ်မှုပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း ၊ ကုန်သွယ်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အား ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပြီး အဆင့်မြှင့်တင်ခြင်း ၊ နည်းပညာ ၊ ခရီးသွား နှင့် ကျန်းမာရေး စသည့် ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှု အား တိုးတွန်းပေးဆောင်ရွက်ခြင်း စသည် တို့ကို ပြုလုပ်သွားလိုကြောင်း ၊ တရုတ်(ကွမ်တုန်း) နှင့် မြန်မာ နိုင်ငံ တို့၏ အတူတကွ ကြိုးပမ်းအားထုတ်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှု အသစ်များ အဆက်မပြတ် ရရှိနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ကွမ်တုန်း ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာ အုန်းရန်ဝေမင် (Mr.Ouyang Weimin) က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ်(ကွမ်တုန်း) – မြန်မာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ်(ကွမ်တုန်း) – မြန်မာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ယနေ့ ကျင်းပ ပြုလုပ်သည့် အစည်းအဝေး အား တရုတ် နိုင်ငံ (ကွမ်တုန်းပြည်နယ်) နိုင်ငံတကာ ကုန်သွယ်မှု မြှင့်တင်ရေး ကောင်စီ ၊ မြန်မာ နိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံ တရုတ် ကုန်သည်များ အသင်း တို့က ဦးစီး ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ အစည်းအဝေး သို့ တရုတ် နိုင်ငံ ကွမ်တုန်း ပြည်နယ် မှ စီးပွားရေး လုပ်ငန်းရှင် ၄၅ ဦး တက်ရောက် ခဲ့ကြကြောင်း ၊ အစည်းအဝေး တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ စီးပွားရေး လုပ်ငန်းရှင်များ က မြန်မာ နိုင်ငံ ကဏ္ဍ အသီးသီး တွင် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရှိရသည်။(Xinhua)