Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များတက်ရောက်သည့် CPPCC နှစ်ပတ်လည်ညီလာခံ အောင်မြင်စွာကျင်းပပြီးစီး


ပေကျင်း ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည့် တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးပိတ်ပွဲအခမ်းအနားကို ယနေ့( မတ် ၁၃ ရက် ) နံနက်ပိုင်းတွင် အောင်မြင်စွာကျင်းပပြီးစီး ခဲ့ကြောင်း သိရသည်။

ပေကျင်းမြို့မဟာပြည်သူ့ခန်းမ၌ ကျင်းပသည့် ပိတ်ပွဲအခမ်းအနားသို့သမ္မတရှီကျင့်ဖိန် နှင့် တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့သည်။

တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) ၏ ၁၃ ကြိမ်မြောက် အမျိုးသားကော်မတီ၏ အစည်းအဝေးပိတ်ပွဲမြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

CPPCC အမျိုးသားကော်မတီ၏ အမြဲတမ်းကော်မတီမှ တင်သွင်းသော အကြံပြုချက်များ လေ့လာစမ်းစစ်ခြင်း အစီရင်ခံစာမူကြမ်းတစ်ခု နှင့် နိုင်ငံရေးညှိနှိုင်းမှုဆိုင်ရာ ဥပဒေမူကြမ်း တစ်ခု၏ အလုပ်အစီရင်ခံစာ ဥပဒေမူကြမ်းအတွက် နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များက ဆန္ဒမဲ ပေးကြမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.