ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တုတ်/ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်၍ တန်ဖိုးငွေကျပ်သိန်းပေါင်း(၅,၈၀၀)ကျော်ခန့်ရှိ ရတနာပစ္စည်းများကို လုယူသွားသူများ အနက် (၁)ဦးဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
စီချန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ စီချန်ဂြိုဟ်တုလွှတ်တင်ရေးစင်တာ မှ Long March-2C ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံ ဖြင့် အဝေးထိန်းအာရုံခံစနစ်ပါရှိသည့် Yaogan-30 အမျိုးအစား ဂြိုဟ်တုများကို ဇန်နဝါရီ ၂၅ ရက် ဒေသစံတော်ချိန် နေ့လည် ၁း၃၉နာရီတွင် လွှတ်တင်ခဲ့ကြောင်း...
ဗလာဒီဗိုစတော့၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) သင်္ဘောသား ၂၁ဦးပါရှိသည့် “Vostok” အမည်ရှိသော ရုရှားငါးဖမ်းသင်္ဘောတစ်စီး သည် ဂျပန်ပင်လယ်ပြင်တွင် ပျောက်ဆုံးသွားခဲ့ကြောင်းအရေးပေါ်အခြေအနေဆိုင်ရာ ဝန်ကြီးဋ္ဌာနက ဇန်နဝါရီ ၂၅ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ခွင့်ပြုချက် ရန်ပုံငွေဖြင့် ငါးသိုင်းချောင်းမြို့ ငဝန်ရေကာတာ တာမိုင်အရှည် စုစုပေါင်း ၁၇ မိုင် အတွင်း ၂၀၁၈ ဇန်နဝါရီလဆန်းပိုင်းမှ စတင်၍ ရေကာတာ အဆင့် မြှင့်တင် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း...
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် MFF Futsal Open Cup 2018(မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ် ဖလား ၂၀၁၈)ပြိုင်ပွဲကို မတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) မြန်မာ့ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ ကင်ဆာဝေဒနာရှင်များ၏ နာကျင်မှုကို သက်သာ စေမည့် ဆေးဝါးနှင့် HIV ဗိုင်းရပ်(စ်)သတ်ရာမှာ အသုံးပြုမည့် ဆေးဝါးအမယ်သစ်များကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းထံမှ သိရသည်။
နယူးဒေလီ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် တွင် ဇန်နဝါရီ ၂၄ရက်က ဖြစ်ပွားခဲ့သည့် သေနတ်တိုက်ပွဲတစ်ခုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၄ဦးသေဆုံးပြီး လူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
အန်ကာရာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ အက်ဖရင်းမြို့မှ တူရကီနိုင်ငံ ၏ နယ်စပ်မြို့ဖြစ်သော ကီလစ်မြို့သို့ ဇန်နဝါရီ ၂၄ရက်က ဒုံးကျည် ၂စင်းဖြင့် ပစ်ခတ်ခဲ့သဖြင့် လူ ၂ဦးသေဆုံးပြီး အခြားလူ ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ရှမ်းကြေးရပ်ကွက် မြို့မဘောလုံးကွင်းအနီးရှိ ဂစ်တာ စားသောက်ဆိုင်တွင် ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ် အချိန်က မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ ၏ အနောက်ဘက် (၁၀)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၀.၄၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၇၃ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု...