Connect with us

Politics, Law & Military

တုတ်/ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်၍ တန်ဖိုးငွေကျပ်သိန်းပေါင်း(၅,၈၀၀)ကျော်ခန့်ရှိ ရတနာပစ္စည်းများကို လုယူသွားသူများ အနက် (၁)ဦးဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ--ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တုတ်/ဓားများဖြင့် ဝိုင်းဝန်းထိုးခုတ်၍ တန်ဖိုးငွေကျပ်သိန်းပေါင်း(၅,၈၀၀)ကျော်ခန့်ရှိ ရတနာပစ္စည်းများကို လုယူသွားသူများ အနက် (၁)ဦးဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ ည၁၈း၃၀ နာရီ အချိန်တွင်မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃)ရပ်ကွက်နေ မျိုးသက်(ခ)ဟာနက်(၃၈)နှစ် အပါအဝင် (၅)ဦးသည် ခင်မင်ရင်းနှီးသူ ဖြိုးမောင်မောင် (စိစစ်ဆဲ)၏ ဖုန်းဖြင့်ဆက်သွယ်ပေးမှု အရ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၄၇×၄၈ လမ်းကြား ခိုင်ရွှေဝါလမ်းနေ ကိုထွန်း(စိစစ်ဆဲ)၏ နေအိမ်သို့ သွားရောက်ခဲ့ရာ ကိုထွန်းမှ ၎င်းတို့ (၅)ဦးအား ဧည့်ခန်းတွင် ခေတ္တစောင့်ခိုင်းထားပြီး သူဌေးအား သွားခေါ်မည်ဟုဆိုကာ ပြောဆို ထွက်သွားကြောင်း၊ ခဏအကြာ နေအိမ်အတွင်းတံခါးပိတ်ထားသည့် အခန်းအတွင်းမှ လူငယ်(၄)ဦး (စိစစ်ဆဲ)တို့ ထွက်လာပြီး တုတ်/ဓားများဖြင့် မျိုးသက်(ခ)ဟာနက် ပါ(၅)ဦးတို့အား ဝိုင်းဝန်း ထိုးခုတ်ကာ ကျောက်စိမ်းလက်စွပ်(၇)ကွင်း၊ ကျောက်စိမ်းတုံး(၇)တုံး၊ ကျောက်စိမ်းဖြတ်စ(၁)စ၊ ရွှေကြုပ်(၁)ခု၊ လက်ကိုင်ဖုန်း(၆)လုံး၊ ငွေကျပ်(၁၀)သိန်း စုစုပေါင်းတန်ဖိုးငွေကျပ်သိန်းပေါင်း (၅,၈၀၀)ကျော်ခန့်အား လုယူကာ Honda Fit ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ပြီး မျိုးသက်(ခ)ဟာနက် ပါ(၂)ဦးတို့တွင် ဦးခေါင်းနောက်စေ့ပြတ်ရှပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ ဖြိုးမောင်မောင်၊ ကိုထွန်းနှင့် ကျား(၄)ဦး(စိစစ်ဆဲ)တို့အား အောင်ပင်လယ်နယ်မြေရဲစခန်း(ပ)၃၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းခဲ့ရာ မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်း၊ ၇၆×၇၇ လမ်းကြားနေ ဖြိုးမောင်မောင် အား ဖမ်းဆီးရမိခဲ့ပြီး ကျန်တရားခံများအား ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.