Connect with us

Sport

MFF Futsal Open Cup 2018 မတ်လ ၁ရက်နေ့ တွင် ကျင်းပမည်

MFF Futsal Open Cup 2018ကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် MFF Futsal Open Cup 2018(မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ် ဖလား ၂၀၁၈)ပြိုင်ပွဲကို မတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

ယင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် အသင်းများအနေဖြင့် ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သို့ လာရောက် စာရင်းပေးသွင်းနိုင်ပြီး လာရောက်စာရင်းပေးသွင်း သည့် အသင်းအရေအတွက်အပေါ်မူတည်၍ ပြိုင်ပွဲကျင်းပမည့် ပုံစံကို ထပ်မံဖော်ပြပေးသွားမည် ဖြစ်ကြောင်း သိရသည်။

MFF Futsal Open Cup 2018 ပြိုင်ပွဲသို့ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အသင်းများ ပါဝင်ယှဉ်ပြိုင်လိုပါက မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်အနေဖြင့် တည်းခိုရန် နေရာထိုင်ခင်း စီစဉ်ပေးသွားမည် ဖြစ်ကြောင်း၊ MFF Futsal Open Cup 2018 ပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဦးကြည်မင်းသိန်း (အမှုဆောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်) ဖုန်း – 09250650952 နှင့် ဦးအောင်မော်သိန်း ဖုန်း -095019347 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)