Connect with us

Education & Health

ကင်ဆာနှင့်HIV ဗိုင်းရပ်(စ်)သတ်ရာ တွင် အသုံးပြုသည့် ဆေးဝါးအမယ်သစ်များ ထုတ်လုပ်မည်

မြန်မာ့ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းမှ ဆေးဝါးထုတ်လုပ်နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-စက်မှုဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

မြန်မာ့ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ ကင်ဆာဝေဒနာရှင်များ၏ နာကျင်မှုကို သက်သာ စေမည့် ဆေးဝါးနှင့် HIV ဗိုင်းရပ်(စ်)သတ်ရာမှာ အသုံးပြုမည့် ဆေးဝါးအမယ်သစ်များကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းထံမှ သိရသည်။

ကင်ဆာဝေဒနာရှင်များအတွက် ကုသရာတွင်အသုံးပြုသည့် ဆေးဝါးအမယ်သစ်များနှင့်HIV ဗိုင်းရပ်(စ်)သတ်ရာ တွင် အသုံးပြုသည့် ဆေးဝါးအမယ်သစ်များကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်းရှိ ဆေးဝါးစက်ရုံ(အင်းစိန်)ရှိ အစည်းအဝေး ခန်းမ၌ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် ဆေးဝါးများတိုးမြှင့်ထုတ်လုပ်နိုင်ရန် ဆောင်ရွက် နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပွဲ၌ မီဒီယာ များနှင့်တွေ့ဆုံစဉ် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ဆိုသည်။

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း လက်အောက်ရှိ ဆေးဝါးစက်ရုံ နှစ်ရုံမှ BPI အမှတ်တံဆိပ်ဖြင့် ဆေးဝါးများထုတ်လုပ်လျက်ရှိရာ ယခုဘဏ္ဍာနှစ်တွင် ဆေးဝါး ၁၄၈ မျိုးအား တန်ဖိုး ၅ဝ ဘီလီယံကျပ် တိုးမြှင့် ထုတ်လုပ်လျက်ရှိကြောင်း၊ ထုတ်လုပ်သည့် ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၃၂ ဘီလီယံ ကျပ် ဝယ်ယူခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အရောင်းကိုယ်စားလှယ်များသို့ ၁၈ ဘီလီယံကျပ် ဖြန့်ဖြူး ရောင်းချမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ဆေးဝါးထုတ်လုပ်မှုများကို WHO GMP Guidelineနှင့် ကိုက်ညီစေရန်အတွက် ခေတ်မီဆေးဝါးထုတ်လုပ်မှု အဆောက်အအုံများ တည်ထောင်ခဲ့ပြီး BPI ဆေးဝါးများ အား ထုပ်ပိုးမှုဆိုင်ရာများကို အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ နိုင်ငံတကာအဆင့်မီ ထုပ်ပိုးမှုပုံစံဖြစ်စေရေး အတွက် ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များအား (EOI) ဖိတ်ခေါ်၍ ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.