Connect with us

Asia

အိန္ဒိယနိုင်ငံတွင် Naxal သူပုန်များ နှင့် ပစ်ခတ်မှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၄ဦးသေဆုံး၊ ၇ဦး ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံရှိ Naxal သူပုန်အချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် တွင် ဇန်နဝါရီ ၂၄ရက်က ဖြစ်ပွားခဲ့သည့် သေနတ်တိုက်ပွဲတစ်ခုကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၄ဦးသေဆုံးပြီး လူ ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

သေနတ်ပစ်ခတ်မှုများသည် Chhattisgarh ပြည်နယ် မြို့တော် Raipurမြို့ တောင်ဘက် ၂၆၀ကီလိုမီတာ အကွာခန့် ရှိ Narayanpur ခရိုင် Dhaudai ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Raipurမြို့ ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက Narayanpur ခရိုင် Dhaudai ကျေးရွာတွင် ဇန်နဝါရီ ၂၄ရက်က Naxal သူများနှင့် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုတွင် လက်ထောက်စုံစမ်းရေးမှူး ၂ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ဦး သေဆုံးခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က ခရိုင်အတွင်းရှိ Irpanar သစ်တောအား အတားအဆီးများဖြင့် ပိတ်ဆို့နေစဉ် Naxal သူပုန်များဘက်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ ဒဏ်ရာရရှိသည့် ရဲတပ်ဖွဲ့ဝင်များကို Raipurမြို့ရှိ ဆေးရုံတစ်ရုံသို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ပြီး ယခုအချိန်အထိ ထပ်မံသေဆုံးသူ မရှိသေးကြောင်း သိရသည်။

လက်ရှိတွင် Naxal သူပုန်များသည် အိန္ဒိယနိုင်ငံ အလယ်ပိုင်း နှင့် အရှေ့ပိုင်းရှိ ခရိုင်ပေါင်း ၆၀၀၏ သုံးပုံတစ်ပုံ ကျော်တွင် လှုပ်ရှားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.