Connect with us

Culture

၂၀၁၈ခုနှစ် ရန်ကုန်ဒေသ “တရုတ်စာပေပေါင်းကူးတံတား ” ပြိုင်ပွဲ၌ နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်များရွေးချယ်

၂၀၁၈ ခုနှစ် "တရုတ် စာပေ ပေါင်းကူးတံတား" ရန်ကုန် ဒေသဆိုင်ရာ ပြိုင်ပွဲ တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၇ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရန်ကုန် ဒေသ “တရုတ် စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲ ကို မေလ ၂၇ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန် မြို့ မင်းရဲကျော်စွာလမ်းရှိ တရုတ်ယဉ်ကျေးမှု စင်တာတွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ယနေ့ကျင်းပပြုလုပ်သော “တရုတ် စာပေ ပေါင်းကူးတံတား”ပြိုင်ပွဲ မှာ၂၀၁၈ ခုနှစ် ရန်ကုန်ဒေသဆိုင်ရာ အထက်တန်းအဆင့် ပြိုင်ပွဲဖြစ်ပြီး အဆိုပါပြိုင်ပွဲသို့ အထက်တန်း ကျောင်းသား/သူ ၁၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၎င်းတို့အနက် ထူးချွန်သည့် ကျောင်းသား/သူ ၆ ဦး တို့ အား ၂၀၁၈ ခုနှစ် ရန်ကုန်ဒေသ “တရုတ် စာပေ ပေါင်းကူးတံတား” နောက်ဆုံး အဆင့် ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့သည်။

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

“တရုတ် စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲသည် တရုတ် ဘာသာစကား ကျွမ်းကျင်မှု စွမ်းရည် ၊တရုတ် ရိုးရာ ယဉ်ကျေးမှုအသိပညာ နှင့် အနုပညာ စွမ်းရည်စသည်တို့ကို ထုတ်ဖော်ပြသယှဉ်ပြိုင်ရသည့် ပွဲဖြစ်ကြောင်း၊ ယခုကျင်းပသည့်ပြိုင်ပွဲကို တက္ကသိုလ်အဆင့်နှင့် အထက်တန်းအဆင့်ဟူ၍ နှစ်ရက် ခွဲပြီး ကျင်းပခြင်းဖြစ်ကြောင်း၊ တက္ကသိုလ်အဆင့်ပြိုင်ပွဲကို မေလ ၂၆ ရက်နေ့က ကျင်းပခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူ ၁၂ ဦးအနက် ထူးချွန်သူ ၆ ဦးအား နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ပါဝင်ရန် ရွေးချယ်ခဲ့ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် ရန်ကုန်ဒေသ “တရုတ် စာပေ ပေါင်းကူးတံတား” နောက်ဆုံး အဆင့် ပြိုင်ပွဲ သို့ ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ် ခံရသည့် တက္ကသိုလ် အဆင့် နှင့် အထက်တန်း အဆင့် ကျောင်းသား/သူ များ က လာမည့် ဇွန်လ ၃ ရက်နေ့ တွင် ကျင်းပ မည့် ပြိုင်ပွဲ တွင် ထပ်မံ ယှဉ်ပြိုင် သွားရမည် ဖြစ်ပြီး ပထမ အဆင့် ရရှိသူများသည် တရုတ် နိုင်ငံ သို့သွားရောက်ကာ ဆက်လက်၍ ပြိုင်ပွဲဝင် ရမည် ဖြစ်ကြောင်း သိရှိရသည်။

ယခု ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ် “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲသည် တရုတ် နိုင်ငံ ကွန်ဖြူးရှပ်အင်စတီကျုမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ယဉ်ကျေးမှုသံရုံး နှင့် အရှေ့တိုင်းဘာသာစကား နှင့် စီးပွားရေး စင်တာ ၊ ကွန်ဖြူးရှပ် စာသင်ကျောင်း တို့မှ ပူးတွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.