Connect with us

Culture

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ တရုတ် စာပေ နှင့် ယဉ်ကျေးမှု ကျွမ်းကျင်မှု ပြိုင်ပွဲ ရန်ကုန် မြို့တွင် စတင် ကျင်းပ

၂၀၁၈ ခုနှစ် "တရုတ် စာပေ ပေါင်းကူးတံတား" ရန်ကုန် ဒေသဆိုင်ရာ ပြိုင်ပွဲ တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၆ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” (Chinese Bridge) ရန်ကုန် ဒေသဆိုင်ရာ တရုတ် စာပေ နှင့် ယဉ်ကျေးမှု ကျွမ်းကျင်မှု ပြိုင်ပွဲ ကို မေလ ၂၆ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန် မြို့ မင်းရဲကျော်စွာ လမ်း ရှိ တရုတ် ယဉ်ကျေးမှု စင်တာ တွင် စတင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲ အား ” One World One Family ” ဟူသည့် ခေါင်းစဉ် ဖြင့် ကျောင်းသား/သူ များအား ပါဝင် ယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲ စတင် ကျင်းပ သည့် နေ့တွင် တက္ကသိုလ် အဆင့် ကျောင်းသား/သူ ၁၂ ဦး တို့က ၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ နောက်ဆုံး အဆင့် ပြိုင်ပွဲ သို့ ဝင်ရောက် ယှဉ်ပြိုင် နိုင်ရန် ၎င်းတို့၏ တရုတ် ဘာသာစကား ကျွမ်းကျင်မှု စွမ်းရည် ၊တရုတ် ရိုးရာ ယဉ်ကျေးမှု နှင့် အနုပညာ စွမ်းရည် တို့ကို ထုတ်ဖော်ပြသ ခဲ့ကြပြီး ကျောင်းသား/သူ ၆ ဦး တို့ အား နောက်ဆုံး အဆင့်သို့ ပါဝင် ယှဉ်ပြိုင်ရန် ရွေးချယ် ခဲ့သည်။

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ထို့ပြင် မေလ ၂၇ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင်လည်း တရုတ် ယဉ်ကျေးမှု စင်တာ တွင် ၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” အထက်တန်း ကျောင်းသား အဆင့် ရန်ကုန် ဒေသဆိုင်ရာ နောက်ဆုံး အဆင့် ပြိုင်ပွဲ သို့ ဝင်ရောက် ယှဉ်ပြိုင် နိုင်ရန် အထက်တန်း ကျောင်းသား ၁၄ ဦး ကို ယှဉ်ပြိုင်စေမည် ဖြစ်ပြီး ၎င်းတို့အနက် ၆ ဦး အား နောက်ဆုံး အဆင့် ပြိုင်ပွဲ တွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ နောက်ဆုံး အဆင့် ပြိုင်ပွဲ သို့ ဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ် ခံရသည့် တက္ကသိုလ် အဆင့် နှင့် အထက်တန်း အဆင့် ကျောင်းသား/သူ များ က လာမည့် ဇွန်လ ၃ ရက်နေ့ တွင် ကျင်းပ မည့် ပြိုင်ပွဲ တွင် ထပ်မံ ယှဉ်ပြိုင် သွားရမည် ဖြစ်ပြီး ပထမ အဆင့် ရရှိသူများ ကို ရွေးချယ် ပေးသွားမည် ဖြစ်သည်။

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် “တရုတ် စာပေ ပေါင်းကူးတံတား” ရန်ကုန် ဒေသဆိုင်ရာ ပြိုင်ပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ယခု ကျင်းပပြုလုပ်သည့် ၂၀၁၈ ခုနှစ် “တရုတ်စာပေ ပေါင်းကူးတံတား” ပြိုင်ပွဲသည် တရုတ် နိုင်ငံ ကွန်ဖြူးရှပ် စာသင်ကျောင်း(ဗဟို) မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှု သံရုံး နှင့် အရှေ့တိုင်းဘာသာစကား နှင့် စီးပွားရေး စင်တာ ၊ ကွန်ဖြူးရှပ် စာသင်ကျောင်း တို့မှ ပူးတွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတွင် ပထမ ဆု ရရှိသည့် ကျောင်းသား/သူ အနေဖြင့် တရုတ် နိုင်ငံ သို့သွားရောက်ကာ ဆက်လက်၍ ပြိုင်ပွဲဝင် ရမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.