Connect with us

Culture

တရုတ်နိုင်ငံ CPG က ပြည်သူ့ လွှတ်တော်သို့ စာအုပ်များလှူဒါန်း

ပြည်သူ့  လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က China Publishing Group ဥက္ကဋ္ဌ Mr. Tan Yue နှင့်အဖွဲ့ အား လက်ခံ တွေ့ ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ် ပုံနှိပ်ထုတ်ဝေရေး အုပ်စု [CPG (China Publishing Group)] ဥက္ကဋ္ဌ Mr. Tan Yue ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ပြည်သူ့လွှတ်တော် စာကြည့်တိုက်သို့ စာအုပ် ၉၂ အုပ် လှူဒါန်းသည့် အခမ်းအနားကို ပြည်သူ့လွှတ်တော် စာကြည့်တိုက်တွင် ယနေ့ နေ့လယ် ၂ း ၃၀ နာရီ၌ ကျင်းပခဲ့သည်။

အဆိုပါ စာအုပ်အလှူကို ပြည်သူ့ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကလက်ခံရယူပြီး ကျေးဇူးတင်စကား ပြော ကြားရာတွင်“ကျွန်တော်တို့ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးမှတစ်ဆင့် ‘ဘက်စုံ မဟာ ဗျူဟာ မြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး’ ပူးပေါင်း ဆောင်ရွက်နေစဉ် အဆွေတော် တို့က ယခုကဲ့သို့ စာအုပ်များ လာရောက်လှူဒါန်းသည့်အတွက် များစွာ ဝမ်းမြောက်ပြီး ဘက်စုံ မဟာ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုကို များစွာ အထောက်အကူပြုမယ်လို့ ကျွန်တော့် အနေနဲ့ ယုံကြည်ပါတယ်”ဟု ပြော ကြားခဲ့သည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့် China Publishing Group ဥက္ကဋ္ဌ Mr. Tan Yue တို့ဆက်ဆွဲနှုတ်ဆက်နေစဉ် (ဆင်ဟွာ)

China Publishing Group ဥက္ကဋ္ဌ Mr. Tan Yue အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ထို့အပြင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံနှင့် နံပါတ်(၁) ရင်းနှီး မြှုပ်နှံသူ အဖြစ် ရပ်တည်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ပညာရေးနှင့် စာအုပ်စာပေ အခန်းကဏ္ဍကို ပိုမို ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ပါက များစွာ အကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း၊ ပြည်သူ့ လွှတ် တော် အနေဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ဦးစီး ဆောင်ရွက်နေ သည့် OBOR(One Belt, One Road) စီမံကိန်းနှင့် ပတ်သက်ပြီး နယ်ပေါင်းစုံမှ ပူးပေါင်း ဆောင်ရွက် ရန် အဆင်သင့် ရှိပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးသံမှူးကြီး Ms. Li Xiaoyan အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ဂုဏ်ပြု လက်မှတ်နှင့် လက်ဆောင်များ အပြန်အလှန်ပေးအပ်ကြစဉ် (ဆင်ဟွာ)

မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

စာအုပ်များ လှူဒါန်းသည့် CPG ဥက္ကဋ္ဌ Mr. Tan Yue က “ကျွန်တော်တို့ သယ်ဆောင်လာတဲ့ အင်္ဂလိပ် ဘာသာ စာအုပ်တွေဟာ စုစုပေါင်း အမျိုး တစ်ရာခန့် ရှိပါတယ်၊ တရုတ်နိုင်ငံရဲ့ ယနေ့ခေတ် နိုင်ငံရေး၊ ဥပဒေ၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ သိပ္ပံ နည်းပညာ၊ ဇီ၀ စတဲ့ ကဏ္ဍပေါင်းစုံ ပါဝင်ပါတယ်၊ တရုတ်နိုင်ငံ ပြုပြင် ပြောင်းလဲရေးနဲ့ တံခါးဖွင့် ဝါဒကို ကျင့်သုံးခဲ့တဲ့ အနှစ် လေးဆယ်အတွင်း ရရှိတဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေကို ဖော်ပြရုံသာမက ခေတ်သစ် ပိုးလမ်းမကြီး အဆိုပြုချက်ရဲ့ အကြောင်း အရာနဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း မိတ်ဆက်ပေးပါတယ်၊ ဒီစာအုပ်တွေက မြန်မာနိုင်ငံ အစိုးရနဲ့ ပြည်သူတွေ ယနေ့ခေတ် တရုတ်နိုင်ငံကို ပိုမို နားလည်စေဖို့ နဲ့ တရုတ် – မြန်မာနှစ်နိုင်ငံ ပြည်သူများ စိတ်နှလုံးချင်း နီးစပ်မှု မြှင့်တင်ရေးအတွက် တက်ကြွတဲ့ အခန်းကဏ္ဍက ပါဝင်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်း၏ အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

CPG သည် တရုတ်နိုင်ငံ၏ အကြီးမားဆုံး ပုံနှိပ် ထုတ်ဝေရေး အုပ်စု ဖြစ်ပြီး တရုတ်နိုင်ငံအကောင်းဆုံး ယဉ်ကျေးမှု ကုမ္ပဏီ သုံးဆယ်ထဲမှ တစ်ခု အဖြစ် ၂၀၀၈ ခုနှစ်မှ စ၍ ၁၁ နှစ် ဆက်တိုက် ရွေးချယ်ခံခဲ့ရ ကြောင်း၊ ကုမ္ပဏီခွဲနှင့် Holding ကုမ္ပဏီအပါအဝင်ကုမ္ပဏီ ၉၆ ခု၊ ပုံနှိပ်ထုတ်ဝေရေး အဖွဲ့အစည်း လေးဆယ်ခုတို့ကို ပိုင်ဆိုင်ထားကြောင်း၊ တရုတ်နိုင်ငံ၏ အရှည်ကြာဆုံးနှင့် နာမည် အကြီးဆုံး ပုံနှိပ် ထုတ်ဝေရေးအဖွဲ့အစည်းလည်းဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်နှင့်ဆက်လက်ချိတ်ဆက်သွားပြီး CPG က ထုတ်ဝေသည့် စာအုပ်များကို အချိန်မှန် ထောက်ပံ့သွားလိုကြောင်း လည်း၎င်းက ပြောကြားခဲ့သည်။CPG ဥက္ကဋ္ဌနှင့် အဖွဲ့သည် စာအုပ်လှူဒါန်းပွဲမစတင်မီ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ်နှင့် အဖွဲ့အား ဝင်ရောက် တွေ့ဆုံပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ကို ခင်မင် ရင်းနှီးစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲနှင့် စာအုပ် လှူဒါန်းပွဲသို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Ms. Li Xiaoyan နှင့် အဖွဲ့လည်း တက်ရောက်ခဲ့ကြပြီး မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ တရုတ်နိုင်ငံ သမ္မတ မစ္စတာရှီ ၏ စာအုပ် ၃၀ ကို ပြည်သူ့လွှတ်တော် စာကြည့်တိုက်သို့ လှူဒါန်းခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Ms. Li Xiaoyan က “တရုတ် – မြန်မာ နှစ်နိုင်ငံဟာ ရေမြေ တောတောင်ချင်း ဆက်စပ်နေပြီး ရှည်လျား ခိုင်မာတဲ့ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးက လည်း ရှိနေတဲ့အတွက် နှစ်နိုင်ငံ ဘက်စုံ မဟာ ဗျူဟာ မြောက် ပူးပေါင်း ဆောင်ရွက်မှု တွေ ပိုမို တိုးတက်လာပါတယ်၊ တရုတ် – မြန်မာ စီးပွားရေး စြင်္ကန် တည်ဆောက်မှုက လည်း တိုးတက်လာနေပါတယ်၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ လွှတ်တော်အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုကို အလေးထားပါတယ်” ဟု ဆင်ဟွာသို့ ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.