Connect with us

Economy

နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ ယခု ဘဏ္ဍာနှစ် ပထမ သုံးလကျော်တွင် ကန် ဒေါ်လာ သန်း ၈၃ ကျော် ပိုမို ကုန်သွယ်နိုင်

တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ် နယ်စပ်ဂိတ်အား တွေ့မြင်ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ယခုဘဏ္ဍာနှစ် ပထမ သုံးလကျော် ကာလအတွင်း ကုန်သွယ်မှု ပမာဏ သည် ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ သန်း ၈၃ ကျော် ပိုမို ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိန်းဂဏန်းများ အရ သိရသည်။

နယ်စပ် ကုန်သွယ်ရေး စခန်းများအလိုက် ပို့ကုန် ၊ သွင်းကုန် ၊ ကုန်သွယ်မှု အခြေအနေမှာ ယခု ၂၀၁၆ ခုနှစ် ၊ ဧပြီလ ၁ ရက်မှ ဇူလိုင် ၈ ရက်အထိ ဒေါ်လာ သန်းပေါင်း ၁၆၈၀.၀၇၄ ရှိခဲ့ပြီး ယခင်၂၀၁၅ ခုနှစ် ၊ ဧပြီလ ၁ ရက်မှ ဇူလိုင် ၈ ရက်အထိ ဒေါ်လာ သန်းပေါင်း ၁၅၉၆.၅၂၁ ရှိခဲ့သဖြင့် ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ၈၃.၅၅၃ သန်း ပိုမို ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် နယ်စပ် ကုန်သွယ်ရေး စခန်းများအနက် မူဆယ် (၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအများ ဆုံးဖြစ်ပြီး ဘဏ္ဍာနှစ်သစ်၏ ပထမသုံးလကျော် ကာလအတွင်း ကန်ဒေါ်လာ သန်းပေါင်း ၁၁၃၅.၁၆၆ ကုန်သွယ်နိုင်ခဲ့ပြီး ဒုတိယ အများဆုံး အဖြစ် မြဝတီနယ်စပ်စခန်းမှ ဒေါ်လာ ၂၀၆.၉၉၇ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)