Connect with us

Economy

နိုင်ငံ စီးပွားရေး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အဓိက ပို့ကုန် လုပ်ငန်းများ ထိခိုက်သည့် အတွက် ၇ ရာခိုင်နှုန်းသို့ကျဆင်း

ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်း၌ ကုန်သေတ္တာများအား ဝန်ချီစက် ဖြင့် ရွှေ့ပြောင်းနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ရေကြီးရေလျှံမှုများနှင့် နိုင်ငံရေး အပြောင်းအလဲများကြောင့် အဓိက ပို့ကုန် လုပ်ငန်းများ ထိခိုက်စေခဲ့သည့် အတွက် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ရေကြီး ရေလျှံမှုများသည် စိုက်ပျိုးရေးကို ထိခိုက်ခဲ့ပြီး အကျိုးဆက်အားဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် ငွေကြေး ဖောင်းပွမှု ရာခိုင်နှုန်းသည် လျင်မြန်စွာ မြင့်တက်ခဲ့ကာ အမြင့်ဆုံး ၁၆ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း ၊ ၂၀၁၅-၂၀၁၆ ခုနှစ်၏ ပထမ ၉ လ အတွင်း ယခင်နှစ် ကာလများနှင့် နှိုင်းယှဉ်ပါက ပို့ကုန် တန်ဖိုးသည် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်း ရေကြီး ရေလျှံခြင်းကြောင့် ရောင်းလိုအားတွင် သက်ရောက်မှုများ ရှိခဲ့ခြင်း ၊ အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု အသစ်များ နည်းပါးခြင်း ၊ ပြင်ပ အခက်အခဲများနှင့် ကမ္ဘာ့ကုန်စည် ဈေးနှုန်းများ ကျဆင်းခြင်း တို့ကြောင့် နိုင်ငံ၏ အဓိက ပို့ကုန် လုပ်ငန်းများကို ထိခိုက်စေခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုနှုန်းမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပျှမ်းမျှ ၈.၅ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာသည် ယခင်နှစ်၏ စိုက်ပျိုးရေး ကဏ္ဍ ထွက်ကုန် ရောင်းလိုအား ကျဆင်းမှု ပြန်လည် ဦးမော့လာသည့် အတွက် ငွေကြေး ဖောင်းပွမှု ဖိအား လျော့ကျလာရန် မျှော်မှန်းပြီး နိုင်ငံတကာ ကုန်ပစ္စည်း ဈေးနှုန်းများ နိမ့်ပါးနေသောကြောင့် ၂၀၁၆-၂၀၁၇ တွင် ပျှမ်းမျှ ၈.၅ ရာခိုင်နှုန်း တိုးတက်ရန် ခန့်မှန်းထားကြောင်း သိရသည်။
အစိုးရ အနေဖြင့် ယခုဆောင်ရွက်နေသည့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု နှင့် မက်ခရို စီးပွားရေး တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန် ဆက်လက် အာရုံစိုက်မည် ဆိုပါက ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Abdoulaye Seck က ပြောသည်။
ထို့ပြင် ၂၀၁၅-၂၀၁၆ ရောင်းလိုအား ကျဆင်းမှုမှ စီးပွားရေး ပြန်လည် ကောင်းမွန်လာခြင်း နှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ပြန်လည် မြင့်တက်လာခြင်း တို့ကြောင့် ၂၀၁၆-၂၀၁၇ တွင် မြန်မာနိုင်ငံ၏ ပုံမှန် ဈေးနှုန်းအရ ဂျီဒီပီသည် ၇.၈ ရာခိုင်နှုန်း မြင့်တက်ရန် ခန့်မှန်းထားပြီး ကာလလတ်တွင် တစ်နှစ်လျှင် ပျှမ်းမျှအားဖြင့် ၈.၂ ရာခိုင်နှုန်း တိုးရန် ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.