Connect with us

Economy

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း တိုးချဲ့မြှင့်တင်နိုင်ရန် အတွက် တရုတ် နိုင်ငံ ပေကျင်းမြို့ တွင် ကျင်းပ သည့် နိုင်ငံတကာကုန်စည် ပြပွဲ တွင် သွားရောက် ခင်းကျင်းပြသမည်

ပေကျင်းမြို့ တွင် ကျင်းပ သည့် နိုင်ငံတကာကုန်စည် ပြပွဲ သို့ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းများ သွားရောက်ခင်းကျင်း ပြသခြင်း နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၈ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အား တိုးချဲ့မြှင့်တင် နိုင်ရန် အတွက် တရုတ် နိုင်ငံ ပေကျင်းမြို့ တွင် ကျင်းပ ပြုလုပ်မည့် ပဉ္စမ အကြိမ်မြောက် နိုင်ငံတကာ ကုန်စည်ပြပွဲ သို့ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ကုမ္ပဏီ နှင့် ဟိုတယ် များ မှ သွားရောက် ပါဝင် ခင်းကျင်း ပြသ သွားမည် ဖြစ်ကြောင်း မေလ ၁၈ ရက်နေ့ ၌ ကျင်းပ ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ မှ သိရှိခဲ့ရသည်။

သတင်းစာ ရှင်းလင်းပွဲ တွင် Explore Myanmar ကုမ္ပဏီ မှ ဦးဆောင်ညွှန်ကြားရေးမှူး Mr.Liu Wei က ယခု ကဲ့သို့ ပေကျင်း မြို့တွင် ကျင်းပ ပြုလုပ်သည့် နိုင်ငံတကာ ကုန်စည် ပြပွဲ တွင် မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း ကုမ္ပဏီ များနှင့် ဟိုတယ် များသွားရောက် ခင်းကျင်း ပြသရခြင်း မှာ နိုင်ငံတကာ မှ ခရီးသွား ဧည့်သည်များ မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်မှု ကို မြှင့်တင် နိုင်စေရန် အတွက် ဖြစ်ကြောင်း ၊ ပေကျင်း မြို့တွင် ကျင်းပ ပြုလုပ်မည့် နိုင်ငံတကာ ကုန်စည်ပြပွဲ အား နိုင်ငံပေါင်း ၆၆ နိုင်ငံ ပါဝင်တက်ရောက်ကြမည် ဖြစ်ပြီး ပြပွဲ ဧရိယာ အားဖြင့် ၅၅,၀၀၀ စတုရန်း မီတာ တည်ရှိကာ နှစ်စဉ် လူပေါင်း ၅ သိန်းခန့် လာရောက်ကြသည့် ပြပွဲ တစ်ခု ဖြစ်ကြောင်း ၊ ပြပွဲ ကျင်းပ စဉ် အတွင်း နိုင်ငံတကာ ခရီးသွားလုပ်ငန်း ချစ်ကြည်ရေး ဆွေးနွေးပွဲ ကိုလည်း ကျင်းပ သွားမည် ဖြစ်ပြီး နိုင်ငံအသီးသီး မှ ကိုယ်စားလှယ်များ နှင့် ဖလှယ်မှုများကို ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ၊ ထို့ပြင် ပေကျင်း မြို့ရှိ တရုတ် နိုင်ငံ ဆိုင်ရာ မြန်မာ နိုင်ငံ သံရုံး တွင် မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း မိတ်ဆက်ပွဲ တစ်ရပ် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အကြား နားလည်မှု စာချွန်လွှာ ကိုလည်း ရေးထိုးသွားမည် ဖြစ်ကြောင်း ၊ ထို့ပြင် ပေကျင်း မြို့ တွင် မြန်မာ အစားအစာပွဲတော် တစ်ရပ် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး တရုတ် နိုင်ငံ အကြီးဆုံး ခရီးသွား လုပ်ငန်း ကုမ္ပဏီ သို့ သွားရောက် လည်ပတ် ကာ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း တိုးချဲ့မြှင့်တင်ရေး ဆောင်ရွက်မှုများ အသီးသီး ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း များနှင့် ပတ်သက်၍ ခင်းကျင်း ပြသမည့် ပြခန်း ဧရိယာ မှာ ၄၈ စတုရန်း မီတာ ကျယ်ဝန်းပြီး မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်း ကုမ္ပဏီပေါင်း ၁၅ ခု တို့မှ သွားရောက် ခင်းကျင်း ပြသကြမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ပေကျင်း မြို့တွင် ကျင်းပ ပြုလုပ်မည့် နိုင်ငံတကာ ကုန်စည် ပြပွဲ သို့ သွားရောက် ခင်းကျင်း ပြသ ရန် အတွက် မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန နှင့် မြန်မာ နိုင်ငံ ခရီးသွားလာရေး အဖွဲ့ချုပ် (MTF) တို့ မှ ဦးစီး၍ ဖော်ဆောင် ခဲ့ခြင်း ဖြစ်ပြီး ပြပွဲ သို့ မြန်မာ နိုင်ငံ အစိုးရ သက်ဆိုင်ရာ အရာရှိ များနှင့် စီးပွားရေး လုပ်ငန်းရှင်များ က တက်ရောက် ကြမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.