Connect with us

Economy

၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား ရန်ကုန်မြို့ တွင် စတင် ကျင်းပ

၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ တွင် ထုတ်လုပ်သည့် အရည်အသွေးမြင့် ပစ္စည်းများ လာရောက် ခင်းကျင်း ပြသသော ၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား အား မေလ ၁၇ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရန်ကုန် မြို့ရှိ Myanmar Event Park(MEP) တွင် ကျင်းပ ပြုလုပ် ခဲ့ပါသည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် ၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ၊ မြန်မာ နိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းရှင်းများ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ၊ တရုတ် နိုင်ငံ ကွမ်ရှီး ကျွမ်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ CPPCC ဒုတိယ ဥက္ကဋ္ဌ မစ္စ မော်ချန်ယင်း (Ms.Mo Changying) ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ အစိုးရ အဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က အဖွင့် အမှာစကား ပြောကြားရာတွင် ယခု ကျင်းပ သည့် ကုန်စည်ပြပွဲ သည် ပထမ ဦးဆုံး အကြိမ် မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ နှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဆိုင်ရာ အတွင်းရေးမှူးချုပ်ရုံး တို့မှ ပူးပေါင်းကျင်းပ ခဲ့သည့် တရုတ်-မြန်မာ ကုန်စည်ပြပွဲ ဖြစ်ကြောင်း ၊ ပြပွဲ ကျင်းပ ရသည့် ရည်ရွယ်ချက် မှာ မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား စီးပွားရေး အခွင့်အလမ်းများ ပိုမိုတိုးချဲ့ နိုင်စေရန် နှင့် ချစ်ကြည်ရင်းနှီးမှု ၊ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုများ အပြန်အလှန် တိုးပွားလာစေရန် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ မှ ထုတ်လုပ်သည့် အရည်အသွေး အဆင့်မီကောင်းမွန် ပြီး စိတ်ချရသော ကုန်ပစ္စည်းများကို မြန်မာ နိုင်ငံ ဈေးကွက် သို့ မိတ်ဆက်ပေးရန်လည်း ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏ မှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၀၈၀၄.၇၇၂ သန်းရှိခဲ့ပြီး ဆက်လက်၍ ပိုမို တိုးမြှင့်အောင် ဆောင်ရွက်သွား လိုကြောင်း ၊ ယခု ကဲ့တို့ ကုန်စည်ပြပွဲများ မှ တစ်ဆင့် အနာဂတ် ပူးပေါင်း ဆောင်ရွက်ရေး အတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှု နယ်ပယ်များကို လေ့လာဖေါ်ထုတ် နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ကွမ်ရှီး ကျွမ်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ CPPCC ဒုတိယ ဥက္ကဋ္ဌ မစ္စ မော်ချန်ယင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား ရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ရင်းနှီးကြသည့် ဆွေမျိုးပေါက်ဖော် ညီအကို များဖြစ်ကြပြီး အရေးပါသည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု မိတ်ဆွေများလည်း ဖြစ်ကြကြောင်း ၊ တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ၏ အကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံ ၊ အကြီးဆုံးသော ရင်းနှီးမြှုပ်နှံမှု လာရောက် ပြုလုပ်သည့် နိုင်ငံ ဖြစ်ကြောင်း ၊ အကြီးဆုံးသော ပို့ကုန်တင်ပို့သည့် နိုင်ငံ ဖြစ်ကြောင်း ၊ ၂၀၁၇ ခုနှစ် မေလပိုင်း တွင် နှစ်နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး နှစ်နိုင်ငံ အတူတကွ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်ရေး လုပ်ငန်းစဉ် သည်လည်း အနာဂတ် ကာလ အတိုင်းအတာ တစ်ခု အထိ အဓိက ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်း တစ်ခုဖြစ်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး မူဘောင် အောက်တွင် နှစ်နိုင်ငံ အနေဖြင့် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုများစွာ ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားအင်သစ်များကို ဖြည့်စွက်ပေး နိုင်ခဲ့ကြောင်း ၊ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကို ၁၄ ကြိမ် တိုင်တိုင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပြီး တရုတ် နိုင်ငံ နှင့် အာဆီယံ အကြား ချစ်ကြည်ရေး ၊ စီးပွားရေး ၊ ကူးသန်းရောင်းဝယ်ရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် အတွက် စင်မြင့်တစ်ခု ဖြစ်စေလာခဲ့ကြောင်း ၊ ယခု မြန်မာ နိုင်ငံ တွင် ကျင်းပ သည့် ကုန်စည်ပြပွဲ သည်လည်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲ လက်အောက်ရှိ အရေးပါသော တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဖြစ်ကာ နှစ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး နှင့် စီးပွားရေး စြင်္က ံ အတူတကွ တည်ဆောက်ရေး အတွက် အခွင့်အလမ်း များစွာ ဖော်ဆောင်နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ကွမ်ရှီး ကျွမ်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ CPPCC ဒုတိယ ဥက္ကဋ္ဌ မစ္စ မော်ချန်ယင်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြား ရာတွင် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ သည် တရုတ် နိုင်ငံ နှင့် အာဆီယံ ၁၀ နိုင်ငံ တို့မှ အတူတကွ ပူးပေါင်းကျင်းပ သည့် နိုင်ငံတကာ စီးပွားရေး ဆိုင်ရာ အခမ်းအနားကြီး တစ်ရပ် ဖြစ်ကြောင်း ၊ ၂၀၁၈ ခုနှစ် သည် တရုတ်-အာဆီယံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး တည်ထောင်သည့် ၁၅ နှစ် ပြည့်သည့်နှစ်ဖြစ်ပြီ ၁၅ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ကျင်းပမည့် နှစ် ဖြစ်ကြောင်း ၊ ယခု ကုန်စည် ပြပွဲ ကျင်းပစဉ် ကာလ အတွင်း မိတ်ဆက်ပွဲ ၊ ရှင်းလင်းပွဲ နှင့် ဖလှယ်ပွဲ စသည် တို့ကိုလည်း ကျင်းပ ပေးသွားမည် ဖြစ်သောကြောင့် တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များမှ မြန်မာ နိုင်ငံ သို့ လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် နှင့် မြန်မာ နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များမှ တရုတ် နိုင်ငံ နည်းပညာများကို တင်သွင်းရန် တို့ အတွက် ဖော်ဆောင်ပေးနိုင်မည် ဖြစ်သောကြောင့် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပြပွဲ တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက် ခဲ့ကြသည့် ဧည့်သည်တော် များက အခမ်းအနား အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေး ခဲ့ကြပြီး ကုန်စည်ပြပွဲ အတွင်းရှိ ပြခန်းများ အား လိုက်လှံကြည့်ရှုခဲ့ကြသည်။

၂၀၁၈ ခုနှစ် တရုတ်-မြန်မာ(ရန်ကုန်) ကုန်စည်ပြပွဲ အား တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ဆိုင်ရာ အတွင်းရေးမှူးချုပ်ရုံး ၊ တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဌာန ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ နှင့် Worldex-SingEx Exhibitions(Guangzhou) Co.,Ltd တို့ အဓိက ဦးစီးကျင်းပ ပေးခဲ့ခြင်း ဖြစ်သည်။

ပြပွဲတွင် တရုတ် နိုင်ငံ မှ လူသိများ ထင်ရှားသည့် ကုမ္ပဏီကြီး ၂၀ ကျော် အပါအဝင် ကုမ္ပဏီပေါင်း ၁၀၃ ခု တို့ က ပြခန်းပေါင်း ၂၀၀ တို့ဖြင့် ၎င်းတို့၏ အရည်အသွေးမြင့် ထုတ်ကုန် နှင့် ဝန်ဆောင်မှုများကို ပြသသွားမည် ဖြစ်ပြီး ပြပွဲ အား မေလ ၁၇ ရက်နေ့ မှ ၁၉ ရက်နေ့ အထိ ရန်ကုန်မြို့ရှိ Myanmar Event Park(MEP) တွင် ကျင်းပ ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.