Connect with us

Economy

စီးပွားရေး လုပ်ငန်း ဝန်ဆောင်မှုများ ဖော်ဆောင်ပေးမည့် SPRING LINE စင်တာ ရန်ကုန်မြို့၌ ဖွင့်လှစ်

SPRING LINE” Business Hotel & Urban Complex Center အား ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၇ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့နေ စီးပွားရေး လုပ်ငန်းရှင် ပြည်သူများ နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များ အတွက် စိတ်ချ ယုံကြည်ရသော စီးပွားရေး လုပ်ငန်း ဝန်ဆောင်မှုများ ဖော်ဆောင်ပေးရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဖွဲ့စည်း တည်ဆောက်ထားသည့် ရွှေအုတ်ခဲ ဆောက်လုပ်ရေး ကုမ္ပဏီ၏ “SPRING LINE” Business Hotel & Urban Complex Center ဖွင့်လှစ်ခြင်း အခမ်းအနားအား ယနေ့မေ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ စီမံကိန်း တည်ရှိရာ နေရာ၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ တရုတ် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေက ရွှေအုတ်ခဲ ကုမ္ပဏီ၏ Spring Line Project သည် ရန်ကုန်မြို့၌ ပထမဦးဆုံး စီးပွားရေး ဘက်ပေါင်းစုံ Project လုပ်ငန်း ဖြစ်ပြီး အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများ ၊ Hotel ၊ Shopping Mall ၊ ဆောက်လုပ်ရေး လုပ်ငန်းများ နှင့် စီးပွားရေး စင်တာ စသည်တို့ဖြင့် ဖွဲ့စည်းထားသော စီးပွားရေး ဘက်ပေါင်းစုံ လုပ်ငန်း ဖြစ်ကြောင်း အဖွင့် အမှာစကား ပြောကြားခဲ့သည်။

Spring Line Project သည် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ၊ အောင်ဇေယျ တံတား အနီးတွင် တည်ရှိပြီး စီမံကိန်းအား ၂၀၁၅ ခုနှစ်တွင် စတင် အကောင်အထည် ဖော်ခဲ့ကြောင်း ၊ Project ၏ ရင်းနှီးမြှုပ်နှံငွေမှာ အမေရိကန် ဒေါ်လာ သိန်း ၁၀၀ ကျော် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ တရုတ် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေက ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ၊ ကူမင်းမြို့ဆောက်လုပ်ရေး လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ Mr.Yang Baozhang က ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားစဉ်(ဆင်ဟွာ)

Spring Line Project အား တည်ဆောက်ခဲ့သည့် ရွှေအုတ်ခဲ ဆောက်လုပ်ရေး ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ၊ Holy World Group ၏ Chairman ဖြစ်သူ ဦးလင်းအောင်(Mr.Zhang Lin Hong) က ရှင်းလင်း ပြောကြားစဉ်(ဆင်ဟွာ)

SPRING LINE Business Hotel & Urban Complex Center ဖွင့်လှစ်သည့် အခမ်းအနားအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ၊ ကူမင်းမြို့ဆောက်လုပ်ရေး လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ Mr.Yang Baozhang က SPRING LINE Project သည် နိုင်ငံတကာ အဆင့်မီ Project တစ်ခု ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ အတူတကွ ပူးပေါင်း အကောင်အထည်ဖော် ကြိုးပမ်း တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

Spring Line Project အား တည်ဆောက်ခဲ့သည့် ရွှေအုတ်ခဲ ဆောက်လုပ်ရေး ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ၊ Holy World Group ၏ Chairmen ဖြစ်သူ ဦးလင်းအောင်(Mr.Zhang Lin Hong) က စီမံကိန်း တည်ဆောက်ခဲ့သည့် အတွေ့အကြုံများ ရှင်းလင်း ပြောကြားခဲ့ပြီး ယခုကဲ့သို့စီမံကိန်း ပြီးမြောက်ခဲ့မှု အပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံ၏ တည်ဆောက်ရေး လုပ်ငန်းများတွင် တတ်နိုင်သမျှ အကျိုးဆောင် ပါဝင်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

Spring Line Project အား Holy World Group ၏ စီမံခန့်ခွဲ အုပ်ချုပ်မှုဖြင့် မြန်မာ ရွှေအုတ်ခဲ ဆောက်လုပ် ရေး ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခြင်း ဖြစ်သည်။

ထိုစီမံကိန်းအား ၂၄ ထပ် အဆောက်အဦ ၄ လုံး ၊ ၁၇ ထပ် အဆောက်အဦ ၁ လုံး ပါဝင်ကာ အဆင့်မြင့် အိမ်ခန်း နှင့် ရုံးခန်း အဖြစ် နှစ်မျိုး အသုံးပြုနိုင်သော SOHO ကွန်ဒို ၊ အဆင့်မြင့် Business Hotel ၊ Office Tower နှင့် စီးပွားရေး လုပ်ငန်း ဆိုင်ရာ အသုံးပြုနိုင်သော အဆောက်အအုံများ ၊ Shopping Center ၊ ရေကူးကန် ၊ စားသောက်ဆိုင်များ စသဖြင့် ထည့်သွင်း တည်ဆောက်ထားကြောင်း သိရသည်။

“SPRING LINE” Business Hotel & Urban Complex Center ဖွင့်ပွဲ အခမ်းအနားအား မြန်မာနိုင်ငံ တရုတ် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေ ၊ ကူမင်းမြို့ဆောက်လုပ်ရေး လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာ Mr.Yang Baozhang ၊ ရွှေအုတ်ခဲ ဆောက်လုပ်ရေး ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာ ၊ Holy World Group ၏ Chairmen ဖြစ်သူ ဦးလင်းအောင် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.