Connect with us

Economy

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ပိုမိုရရှိနိုင်ကြောင်းဆို

ပြည်တွင်း၌ စပါးများအား အခြောက်ခံ၊သန့်စင်နေသော လုပ်သားတစ်ဦးအား တွေ့ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ပြည်ပသို့ ဆန်နှင့် ဆန်ကွဲများတင်ပို့မှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပိုမိုတင်ပို့လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ မှ ညွှန်ကြားရေးမှူးဦးမျိုးသူက “ဆန်နဲ့ဆန်ကွဲတင်ပို့ဖို့ တရားဝင်ပါမစ်ကို ၂၀၁၉ ခုနှစ်မှာစပြီထုတ်ပေးခဲ့တယ်။ အဲဒီနောက်ပိုင်း ဆန်၊ဆန်ကွဲတင်ပို့မှုပိုများလာတယ်။ တရုတ်နိုင်ငံဘက်က ဆန်နဲ့ ဆန်ကွဲဝယ်ယူမှုရှိတော့ ပြည်တွင်းမှာလည်းဈေးကောင်းလာတယ်’’ ဟု ဆင်ဟွာသို့ ယနေ့ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ ပြည်ပသို့တင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုလုံးမှ တင်ပို့လျက်ရှိကြောင်း၊ လက်ရှိတွင် COVID-19 ရောဂါကြောင့် နယ်စပ်လမ်းကြောင်းတင်ပို့မှုတွင် နှောင့်နှေးမှုအနည်းငယ်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရန် ပါမစ်အား နှစ်စဉ် နှစ်ဆန်းပိုင်းတွေချပေးလေ့ရှိကြောင်း သိရသည်။

မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်သောမူဆယ်မြို့၌၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၂၆ ရက်တွင် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ်အိတ်လျှင် ၂၃,၁၁၅ ကျပ်မှ ၂၄,၁၂၀ ကျပ်ကြားတွင်ရှိကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၂၁ ရက်အထိ ၁၁ လခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲစုစုပေါင်းတန်ချိန် ၂ ဒဿမ ၄၂၈ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၇၃၈ ဒသမ ၃၂၉ သန်းရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.