Connect with us

Politics

ကျောက်ဖြူ ရေနက် ဆိပ်ကမ်း အတွက် သုံးသပ်မှုများ ၊ အကြို လေ့လာ စူးစမ်းမှုများ စတင်


ရန်ကုန် ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

သဘာ၀ ပတ်ဝန်းကျင် နှင့် လူမှုရေး ဆိုင်ရာ အကျိုး သက်ရောက်မှု သုံးသပ်ချက်(ESIA) နှင့် ရခိုင် ပြည်နယ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်းစီမံကိန်း (KPDSP) ၏ ဘူမိဗေဒ ဆိုင်ရာ အကြို လေ့လာ စူးစမ်းမှုတို့အတွက် ပထမဆုံး အစည်းအဝေး ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂ ရက်က ရန်ကုန်မြို့ရှိ ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ (KPSEZMC) ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ယင်းအစည်းအဝေးက KPDSP စီမံကိန်း နှင့် ဆက်စပ်နေသော လုပ်ငန်းများကို တရားဝင် စတင် ဆောင်ရွက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ KPSEZMC ၊ CITIC စီးပွားရေး လုပ်ငန်းစုကြီး(CITIC Consortium) ၊ စီမံကိန်း ဆိုင်ရာ စီမံ ခန့်ခွဲမှု အကြံပေး အဖွဲ့ဖြစ်သော စီးပွားဖက် လုပ်ငန်းများ လီမိတက် (HATCH) နှင့် မြန်မာ အစိုးရ၏ တာဝန် ပေးအပ် ခံထားရသော (GDE) တို့မှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့ကြရာ CITIC Consortium က ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း ဖက်စပ် ကုမ္ပဏီ ကိုယ်စား စီမံကိန်း ဆိုင်ရာ လုပ်ငန်းများကို အနာဂတ်တွင် တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကနေဒါ နိုင်ငံ အခြေစိုက် HATCH ကုမ္ပဏီက စီမံကိန်း ညှိနှိုင်း ဆောင်ရွက်မှု ၊ အကြံပေးမှု ၊ လေလံပွဲများ အတွက် လေလံဆွဲမည့်သူများ ရှာဖွေမှု နှင့် တန်ဖိုး အကဲဖြတ်မှု တို့အတွက် စီမံ ခန့်ခွဲမှု ၊ စီမံကိန်း အကောင်အထည် ဖော်ရာတွင် ကြီးကြပ် ကွပ်ကဲမှု ၊ CITIC Consortium နှင့် စီမံကိန်း ဖက်စပ် ကုမ္ပဏီ တို့အား ESIA အကြံပေးများ/ကန်ထရိုက်တာများ အပေါ် စီမံ ခန့်ခွဲရန် အထောက်အပံ့ ပေးရန် စသည့် ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သဘာ၀ ပတ်ဝန်းကျင် နှင့် လူမှုရေး ဆိုင်ရာ အကျိုး သက်ရောက်မှု သုံးသပ်ချက်(ESIA) နှင့် ရခိုင် ပြည်နယ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်းစီမံကိန်း (KPDSP) ၏ ဘူမိဗေဒ ဆိုင်ရာ အကြို လေ့လာ စူးစမ်းမှုတို့အတွက် ပထမဆုံး အစည်းအဝေး ဇူလိုင် ၂ ရက်က ကျင်းပနေစဉ်(ဓာတ်ပုံ – CITIC)

စီမံကိန်း လုပ်ငန်း အုပ်စုက ကျောက်ဖြူ ခရိုင် နှင့် မြို့နယ် အတွင်းရှိ အစိုးရ အာဏာပိုင် အဖွဲ့အစည်းများ နှင့်လည်း တွေ့ဆုံ ဆွေးနွေးစဉ်(ဓာတ်ပုံ – CITIC)

မဒေးကျွန်းတွင် စီမံကိန်း လုပ်ငန်း အုပ်စုက ဒေသခံ လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ နှင့် အခြားသော မဲဆန္ဒရှင် ပြည်သူများ နှင့် အကြံပြုချက် ရယူသည့် အစည်းအဝေး ကျင်းပနေစဉ်(ဓာတ်ပုံ – CITIC)

အစည်းအဝေး အပြီးတွင် CITIC Consortium ၊ HATCH နှင့် GDE တို့မှ ကိုယ်စားလှယ်များ ပါဝင်သော လုပ်ငန်း အုပ်စု တစ်ခုက ကျောက်ဖြူ မြို့နယ် အတွင်း စီမံကိန်း တည်ရှိရာ နေရာသို့သွားရောက် ကြမည် ဖြစ်ပြီး ဒေသခံ လူ့အဖွဲ့ အစည်းများအား အကြံပေးမှုများ ပြုခြင်း ၊ စီမံကိန်း တည်ရှိရာ နေရာ၏ အခြေခံ တည်ရှိမှု အပေါ် လေ့လာခြင်း ၊ နည်းပညာ ပိုင်း ဆိုင်ရာ အချက်အလက် စုဆောင်းခြင်း နှင့် အခြားသော ကြိုတင် ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်ကြမည်ဟုလည်း သိရသည်။ယင်းတို့အနေဖြင့် ကျောက်ဖြူ ခရိုင် နှင့် မြို့နယ် အတွင်းရှိ အစိုးရ အာဏာပိုင် အဖွဲ့အစည်းများ နှင့်လည်း တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကာ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း ဆိုင်ရာ လုပ်ငန်းများ၏ လုပ်ငန်း စီမံချက်ကို စတင် မိတ်ဆက်ခြင်း နှင့် အဆိုပါ လုပ်ငန်း စီမံချက် အပေါ် အကြံပြုချက်များ အတူတကွ ပြုလုပ်သွားကြမည် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ လုပ်ငန်း အုပ်စုက စီမံကိန်း တည်ရှိရာသို့သွားရောက်မည် ဖြစ်သကဲ့သို့ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း၏ အဆင့်(၁) အကောင်အထည်ဖော်ပြီးရာ မဒေးကျွန်းတွင်လည်း လုပ်ငန်း အုပ်စု အနေဖြင့် ဒေသခံ လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ နှင့် အခြားသော မဲဆန္ဒရှင် ပြည်သူများ နှင့် အကြံပြုချက် ရယူသည့် အစည်းအဝေး ကိုလည်း ကျင်းပခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ယင်းတို့အနေဖြင့် ဒေသခံ ပြည်သူများ ၊ လူ့အဖွဲ့အစည်းများ နှင့် အသင်းအဖွဲ့များ၏ စိုးရိမ်မှု နှင့် အကြံဉာဏ်များကို ရယူနိုင်ခဲ့ခြင်း ဖြစ်၍ ဒေသခံများ၏ မျှော်လင့်ချက်များ အတိုင်း စီမံကိန်း လုပ်ငန်းကို ဖွံ့ဖြိုး တိုးတက်ကာ ပိုမို ကောင်းမွန်စေမည်ဟုလည်း သိရသည်။

နောက်တစ်ဆင့် အနေဖြင့် CITIC Consortium က ESIA အတွက် စီမံကိန်း အဆိုပြုချက် အစီရင်ခံစာကို ပြည်ထောင်စု အစိုးရ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သို့မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ဥပဒေ ၊ စည်းကမ်းချက်များ နှင့် အညီ တင်သွင်းသွားမည် ဖြစ်သည်။ CITIC Consortium က ESIA အတွက် လေလံ ဆွဲရန် လုပ်ငန်းစဉ်ကို စတင် သွားမည် ဖြစ်ပြီး ဘူမိဗေဒပိုင်း ဆိုင်ရာ နှင့် မြေပုံ ဆိုင်ရာ အကြို စူးစမ်း လေ့လာမှုကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အကြို စူးစမ်း လေ့လာမှုများ အရ စီမံကိန်း အကျိုးရှိစေရန် အတွက် CITIC Consortium အနေဖြင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ (KPSEZMC) ၊ HATCH နှင့် GDE တို့နှင့် အနီးကပ် လက်တွဲ ဆောင်ရွက်ကာ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း၏ နောက်ဆုံး သဘောတူညီချက်ကို စောနိုင်သမျှ အစောဆုံး လက်မှတ် ရေးထိုး နိုင်ရေး ကြိုးပမ်း သွားမည် ဖြစ်ပြီး စီမံကိန်းကိုလည်း အစောဆုံး အကောင်အထည်ဖော်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.