Connect with us

Media

နိုင်ငံတကာ အဆင့်မီ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း ဖော်ဆောင်ရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်မည်

နေပြည်တော်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်မည် ဖြစ်ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းတွင် နေပြည်တော်၌ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဘက်မှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် နှစ်နိုင်ငံ တာဝန်ရှိသူများ တက်ရောက်ကြပြီး စီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန် အလေးပေး ပြောကြားခဲ့ကြောင်း သိရသည်။

” ပြီးခဲ့တဲ့လက တရုတ်နိုင်ငံမှာBelt and Road Initiative စတင်ခဲ့တဲ့ (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တဲ့Belt and Road Forum for International Cooperation ကိုကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခဲ့ပြီး High-level Forum on Digital Economy session မှာ The Opportunities of Digital Economy for Shared Benefits and Mutual Learning ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့ Belt and Road Initiativeအစီအစဉ်မှာဆက်လက်ပြီးပူးပေါင်းဆောင်ရွက်မှာဖြစ်လို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဟာမြန်မာနိုင်ငံရဲ့ တက်ကြွစွာပူးပေါင်းပါဝင်လိုမှုကိုပြသတဲ့ သာဓကတစ်ခုလည်းဖြစ်ပါတယ်” ဟုဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Cao Jing နှင့် CITIC Group Corporation နှင့် CITIC ကော်ပိုရေးရှင်း လီမိတက်၏ ဒုတိယဥက္ကဋ္ဌ နှင့် ဥက္ကဋ္ဌ Xi Guohua တို့ကလည်း အဆိုပါ အခမ်းအနားတွင် အမှာစကား ပြောကြားခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ရေနက်ဆိပ်ကမ်းစီမံကိန်းသည် မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံထားသည့် အကြီးစားအခြေခံအဆောက်အအုံတိုးတက်ရေး စီမံကိန်း တစ်ခုဖြစ်သည်။ အဆိုပါစီမံကိန်းတွင်မြန်မာဘက်မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်းနှင့် တရုတ်ဘက်မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအား အဆင့်လေးဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး စုစုပေါင်း ဆိပ်ခံတံတားပေါင်း ၁၀ ခုဖြင့် နှစ်စဉ်ကုန်တင်ကုန်ချပမာဏ TEU ကွန်တိန်နာပေါင်း ၇,၀၀၀,၀၀၀ လက်ခံနိုင်ရန်လျာထားပြီး စီမံကိန်းပြီးစီးအောင်မြင်ပါက မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာ အဆင့်မီရေနက်ဆိပ်ကမ်းအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ ယင်းသည် အာရှ၊ အာဖရိကနှင့် ဥရောပတိုက်ကြီးများနှင့် ဆက်သွယ်မည့် ကုန်သွယ်မှုအချက်အချာနေရာတစ်ခု ဖြစ်လာနိုင်ပြီး ကမ္ဘာသို့ တံခါးပေါက်ကြီး (Gateway) အသွင်ဖြင့် မြန်မာနိုင်ငံနှင့်ဒေသတွင်း၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.