Connect with us

Politics

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပေကျင်းမြို့ ပြည်သူ့ခန်းမကြီးတွင် တွေ့ဆုံ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် ပေကျင်းမြို့ ပြည်သူ့ခန်းမကြီး တွင် တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် တရုတ်နိုင်ငံ ဖက်ဆစ်ဂျပန် တော်လှန်ရေးနှင့် ဒုတိယ ကမ္ဘာစစ် အောင်မြင်ခြင်း နှစ် ၇၀ ပြည့် အခမ်းအနား တက်ရောက်ရန် တရုတ် နိုင်ငံသို့ ရောက်ရှိ နေသည့် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် စက်တင်ဘာလ ၄ ရက်နေ့ တွင် ပေကျင်းမြို့ ပြည်သူ့ခန်းမကြီး၌တွေ့ဆုံခဲ့သည်။

လီခဲ့ချန်က မိမိ အနေဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ က မြန်မာ နိုင်ငံသို့ သွားရောက် ခဲ့စဉ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး၊ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးတို့နှင့် ပတ်သက်၍ မြန်မာ နိုင်ငံ သမ္မတနှင့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း ၊ ၆ လကျော် ကာလအပြီးတွင် တရုတ်-မြန်မာ ဆက်ဆံရေးသည် တိုးတက်မှု ရလဒ် အသစ်များ ရရှိခဲ့ပြီး တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုကို ခိုင်မြဲစွာ စွဲကိုင်ကာ အိမ်နီးချင်း မိတ်ဆွေ ဆက်ဆံရေး ခိုင်မာစေရန် ၊ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် နိုင်ရန်နှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း မြှင့်တင် နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု အတူတကွ ရရှိရန်နှင့် အတူတကွ ဖွံ့ဖြိုး တိုးတက်ရန် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

လီခဲ့ချန်က တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ၏ အခြေခံ အဆောက်အဦး တည်ဆောက်ရေး ကဏ္ဍတွင် မြန်မာ နိုင်ငံနှင့် အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ၊ ဘင်္ဂလားဒေ့ရှ် – တရုတ် – အိန္ဒိယ – မြန်မာ စီးပွားရေး စြင်္က ံ ပူးပေါင်း ဆောင်ရွက်မှုကို အလျင်အမြန် အကောင်အထည် ဖော်ရမည် ဖြစ်ကြောင်း ၊ ဒေသတွင်း အပြန်အလှန် ချိတ်ဆက် သွားလာနိုင်မှု ပိုမို အဆင်ပြေ ချောမွေ့စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ကုန်ထုတ်လုပ်မှု ပူးပေါင်း ဆောင်ရွက်ရေး တွင်လည်း တက်ကြွစွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ စိုက်ပျိုးရေး လုပ်ငန်း ၊ ရေအရင်းအမြစ် စီမံခန့်ခွဲခြင်း ၊ ရေဘေး အန္တရာယ် အပြီး ပြည်လည် နေရာချထားရေး နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မှု များအား အဆင့်မြှင့်တင် ရမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် ဆက်လက်၍ တရုတ်-အာဆီယံ ဆက်ဆံရေး တိုးမြှင့်နိုင်ရေးတွင် အပြုသဘော ဆောင်သည့် ဆောင်ရွက်မှုများ လုပ်ဆောင် နိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန်က တရုတ် နိုင်ငံ၏ မြန်မာ နိုင်ငံ ရေဘေး ဒုက္ခ ကြုံတွေ့ချိန်တွင် အချိန်မီ ကူညီ ထောက်ပံ့မှု အတွက် ကျေးဇူးတင်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဆက်လက်၍ မြန်မာ နိုင်ငံ ရေအရင်းအမြစ် ကဏ္ဍ အခြေခံ အဆောက်အဦး တည်ဆောက်ရေး လုပ်ငန်း များတွင် ကူညီ ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း၊ မြန်မာ နိုင်ငံ အနေဖြင့် ဝန်ကြီးချုပ် လီခဲ့ချန် မြန်မာ နိုင်ငံသို့ လာရောက်စဉ် က သဘောတူညီ ခဲ့သည့် အရေးကြီး အချက်အလက် များအား အမြန် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ၊ အခြေခံ အဆောက်အဦး တည်ဆောက်ရေး လုပ်ငန်း တွင်လည်း ပိုမို ပူးပေါင်းဆောင်ရွက် သွားပြီး နှစ်နိုင်ငံ အဝေးပြေးလမ်းမကြီး နှင့် ရေကြောင်း ပို့ဆောင်ရေး လမ်းကြောင်းများ အပြန်အလှန် ချိတ်ဆက်နိုင်ရေး ပူးပေါင်းမှု စီမံကိန်း များအား တွန်းအားပေး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၊ လူငယ် ၊ ပညာရေး နှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍများ ဖလှယ်မှုအား ပိုမို တိုးချဲ့ကာ နှစ်နိုင်ငံကြား ခေတ်အဆက်ဆက် မိတ်ဆွေ ဆက်ဆံရေး အား တွန်အားပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)