Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီခဲ့ချန်၏ ရုပ်ကလာပ်ကို နိုဝင်ဘာ ၂ ရက်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ပြီး ထျန်းအန်းမန်စသည့်နေရာများတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတိုင်တစ်ဝက် လွှင့်ထူမည်

တရုတ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ၏ ထူးချွန်ထက်မြက်သော ပါတီဝင်၊ သစ္စာစောင့်တည်သည့် ကွန်မြူနစ် စစ်သည်၊ ထင်ရှားသည့် ပစ္စည်းမဲ့လူတန်းစား တော်လှန်ရေးသမား၊ နိုင်ငံရေးပညာရှင်၊ ပါတီနှင့်တိုင်းပြည်၏ ထူးချွန်သည့်ခေါင်းဆောင်၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ၁၇ ကြိမ်မြောက်၊ ၁၈ ကြိမ်မြောက်၊ ၁၉ ကြိမ်မြောက် ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ်ဟောင်း လီခဲ့ချန်၏ရုပ်ကလာပ်ကို နိုဝင်ဘာ ၂ ရက်တွင် ပေကျင်းမြို့၌ မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟောင်း လီခဲ့ချန်၏ ရုပ်ကလာပ်ကို အောက်တိုဘာ ၂၇ ရက်တွင် ရှန်ဟိုင်းမှ ပေကျင်းသို့ အထူးလေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း လီခဲ့ချန် ကွယ်လွန်သည့် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၂ ရက်၌ မြို့တော် ပေကျင်းရှိ ထျန်းအန်းမန်၊ ရှင်းဟွာမန်၊ ပြည်သူ့ခန်းမဆောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်လည်းကောင်း၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗဟိုမှတိုက်ရိုက်အုပ်ချုပ်သောမြို့များရှိ ပါတီကော်မတီနှင့် အစိုးရတည်ရှိရာနေရာများတွင်လည်းကောင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင်လည်းကောင်း၊ နယ်စပ်ဂိတ်များ၊ ပြည်ပရေကြောင်းဆိပ်ကမ်းများနှင့် လေဆိပ်များတွင် လည်းကောင်း၊ ပြည်ပရှိ တရုတ်နိုင်ငံ သံရုံးနှင့်ကောင်စစ်ဝန်ရုံးများတွင်လည်းကောင်း အလံတိုင်တစ်ဝက် လွှင့်ထူသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………….
(Chinese Version)
李克强同志遗体11月2日火化  天安门等地将下半旗志哀
新华社北京10月31日电中国共产党的优秀党员,久经考验的忠诚的共产主义战士,杰出的无产阶级革命家、政治家,党和国家的卓越领导人,中国共产党第十七届、十八届、十九届中央政治局常委,国务院原总理李克强同志的遗体,将于11月2日在北京火化。
李克强同志遗体于10月27日由专机从上海护送至北京。
为悼念李克强同志,11月2日,首都天安门、新华门、人民大会堂、外交部,各省、自治区、直辖市党委和政府所在地,香港特别行政区、澳门特别行政区,各边境口岸,对外海空港口,中国驻外使领馆将下半旗志哀。(完)