Connect with us

Politics

တရုတ် နိုင်ငံ အထူးသံအမတ်ကြီး မှ ရွေးကောက်ပွဲ ပြီးနောက် တရုတ်-မြန်မာ ဆက်ဆံရေး အပေါ် ယုံကြည်မှု အပြည့်အဝ ရှိကြောင်း ပြောကြား

တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ်ကြီး ဆွန်ကော်ရှန် မှ ဆင်ဟွာ သတင်းဌာန ၏ မေးခွန်းအား ဖြေကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ရွေးကောက်ပွဲ ဆိုင်ရာ တရုတ် နိုင်ငံ စောင့်ကြည့်လေ့လာရေး အဖွဲ့ ခေါင်းဆောင် ၊ တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ်ကြီး ဆွန်ကော်ရှန် မှ နိုဝင်ဘာ ၇ ရက်နေ့တွင် ရန်ကုန်မြို့၌ တရုတ်-မြန်မာ နှစ်နိုင်ငံ မှ မီဒီယာ များ၏ မေးမြန်းချက်အား လက်ခံဖြေကြား ခဲ့ရာတွင် မြန်မာ နိုင်ငံ တွင် ယခု ကျင်းပ မည် အထွေထွေ ရွေးကောက်ပွဲကြီးသည် မြန်မာ နိုင်ငံ ၏ အလွန်အရေးကြီးသည့် ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အနီးကပ် စောင့်ကြည့်လေ့လာမှု များပြုလုပ် ခဲ့ပြီး ရွေးကောက်ပွဲ အပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံ ဆက်ဆံရေး အပေါ် အပြည့်အဝ ယုံကြည်မှု ရှိကြောင်း ပြောကြား ခဲ့သည်။

ဆွန်ကော်ရှန် က မြန်မာ နိုင်ငံ သည် တရုတ် နိုင်ငံ ၏ အိမ်နီးချင်း မိတ်ဆွေ နိုင်ငံ ဖြစ်ပြီး တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ၏ ဖိတ်ကြားမှု အရ မြန်မာ နိုင်ငံ ရွေးကောက်ပွဲ အတွက် စောင့်ကြည့်လေ့လာရန် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ၏ မိတ်ဆွေ အိမ်နီးချင်း နိုင်ငံ ၊ မိတ်ဆွေကောင်း ၊ သူငယ်ချင်းကောင်း နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ပိုမို တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် သံအမတ်ကြီး က တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ပြည်သူလူထု ၏ ဆုံးဖြတ်ချက်ကို ထောက်ခံအားပေးပြီး အခြားဘက် မှ မြန်မာ နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်မှု အပေါ် မထောက်ခံ ကြောင်း ပြောကြား ခဲ့သည်။
ဆွန်ကော်ရှန် က တရုတ်-မြန်မာ သံတမန် ထူထောင်ခဲ့သည့် ၆၅ နှစ် သမိုင်းကြောင်းကို ကြည့်ခြင်းအား ဖြင့် အပြည်ပြည် ဆိုင်ရာ အခြေအနေ မည်သို့ ပြောင်းလဲစေကာမှု တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည် ဆက်ဆံရေး သည် ပြောင်းလဲ သွားမည် မဟုတ်ကြောင်း ကို အထူးပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ အစိုးရ ၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံ ခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ်ကြီး ဆွန်ကော်ရှန် သည် နိုဝင်ဘာ ၃ ရက်နေ့ မှ ၁၀ ရက်နေ့ အထိ မြန်မာ နိုင်ငံ ရွေးကောက်ပွဲ ဆိုင်ရာ စောင့်ကြည့်လေ့လာရေး အဖွဲ့ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်သွားမည် ဖြစ်သည်။(Xinhua)