Connect with us

Politics

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင်ခဲ့ကြသူများအား တွေ့ဆုံမေးမြန်းသည့် အခမ်းအနား ကျင်းပ

သန်လျင်တံတား တည်ဆောက်ရေး တွင် ပါဝင်ခဲ့ကြသူများ နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ တာဝန်ရှိသူများ က စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူး ခဲ့စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့် အင်ဂျင်နီယာများ နှင့် ဝန်ထမ်းများ များအား မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က သာကေတ မြို့နယ် ရှု့ခင်းသာလမ်း ရှိ တံတားအထူးအဖွဲ့(၁၁)ရုံး ၌ တွေ့ဆုံမေးမြန်းသည့် အခမ်းအနား ကို အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားသို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ စီးပွားရေး သံမှူး ရှဲကော်ရှန် ၊ သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ သန်လျင်တံတား တည်ဆောက်ရေး တွင် စီမံကိန်း ဒါရိုက်တာ (၁) တာဝန်ထမ်းဆောင်ခဲ့သည့် ဦးစိုးလွင် ၊ စီမံကိန်း ဒါရိုက်တာ (၂) တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်ဇင် ၊ အင်ဂျင်နီယာ တာဝန်ထမ်းဆောင် ခဲ့ကြသည့် ဦးလှမြင့် ၊ ဦး S နော်တိုး ၊ ဦးစိုးဝင်း စသည့်သူများ နှင့် အခြား သက်ဆိုင်ရာ လုပ်ငန်း အသီးသီး တွင် ပါဝင် ခဲ့ကြသည့် ဝန်ထမ်းများမှ တက်ရောက် ခဲ့ကြသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင်ခဲ့ကြသူများအား တွေ့ဆုံမေးမြန်းသည့် အခမ်းအနား မြင်ကွင်း

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် ပါဝင်ခဲ့ကြသူများအား တွေ့ဆုံမေးမြန်းသည့် အခမ်းအနား မြင်ကွင်း

အခမ်းအနားတွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား တွင် ပါဝင်ခဲ့ကြသူများ က တံတားတည်ဆောက်ရေး လုပ်ငန်း တွင် ပေးဆပ် ဆောင်ရွက်မှု အပေါ် ကျေးဇူးတင်ရှိကြောင်း ၊ သန်လျင်တံတား သည် တရုတ်-ချစ်ကြည်ရေး ၏ အရေးပါသော အမှတ်သင်္ကေတ ဖြစ်သောကြောင့် လူကြီးမင်းတို့၏ သမိုင်းဝင်ဆောင်ရွက်မှုများ အပေါ် ချီးမွမ်းဂုဏ်ပြုကြောင်း ၊ သန်လျင် တံတား စီမံကိန်း သည် ၁၉၈၀ ခုနှစ် တွင် စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်ထိ အလွန်ပင် ခန့်ငြားနေဆဲ ဖြစ်ကြောင်း ၊ သန်လျင်တံတား တည်ဆောက်သည့် အချိန်ကာလ တွင် တရုတ် နိုင်ငံ၌ ဆင်းရဲနေဆဲ ဖြစ်သော်လည်း မြန်မာ နိုင်ငံ မိတ်ဆွေများ၏ လိုအပ်ချက်ကြောင့် အခက်အခဲများကို ကျော်လွှားကာ ကူညီဆောင်ရွက်မှု ပြုလုပ်ပေးခဲ့ကြောင်း ၊ သန်လျင်တံတား တည်ဆောက်ရေး ကူညီဆောင်ရွက်မှုသည် ထိုအချိန်ကာလ၌ တရုတ် နိုင်ငံ မှ ပြည်ပနိုင်ငံများအား ကူညီဆောင်ရွက်မှု ပြုလုပ်ပေးခဲ့သည့် အကြီးမားဆုံးသော စီမံကိန်း ဖြစ်ခဲ့ကြောင်း ၊ တံတား တည်ဆောက်စဉ်တွင် တရုတ် နိုင်ငံ မှ တံတား တည်ဆောက်ရေး နည်ပညာ နှင့် အတွေ့အကြုံများ ကို မြန်မာ နိုင်ငံ သို့ မျှဝေပေးခဲ့ပြီး မြန်မာ နိုင်ငံ၌ တံတား တည်ဆောက်ရေး ကျွမ်းကျင် ပညာရှင်များကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို အတူတကွ တည်ဆောက်သွားမည်ဖြစ်ပြီး မြန်မာ နိုင်ငံ တွင် အခြေခံအဆောက်အဦ များစွာ ပူးပေါင်းတည်ဆောင်သွားမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် မိမိ နိုင်ငံ ပြည်တွင်းအခြေအနေ မည်သို့ပြောင်းလဲသည့် ဖြစ်စေ တရုတ်-မြန်မာ ဆွေးမျိုးပေါက်ဖော်ချစ်ကြည်ရေး သည် ထာဝရ ပြောင်းလဲမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး တံတား (သန်လျင်တံတား) တည်ဆောက်ရေး တွင် စီမံကိန်း ဒါရိုက်တာ (၂) တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်ဇင် က မိမိ တာဝန်ထမ်းဆောင်စဉ် ကာလ တစ်လျှောက်တွင် တရုတ် နိုင်ငံ မှ အကူအညီဖြင့် တံတား ၃ စင်း တည်ဆောက် နိုင်ခဲ့ကြောင်း ၊ ၁၉၈၄ ခုနှစ်တွင် သန်လျင် တံတား တည်ဆောက်ရန် တရုတ် နိုင်ငံ သို့ သွားရောက်ကာ ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့ကြောင်း ၊ သန်လျင်တံတား တည်ဆောက်ရန် တရုတ် နိုင်ငံ မှ ကျွမ်းကျင် ပညာရှင် ၁၅၀ ကျော် မြန်မာ နိုင်ငံ သို့လာရောက်ကူညီခဲ့ပြီး တံတား တည်ဆောက်ရေး ဆိုင်ရာ နည်းပညာ များကို သင်ကြားမေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ ၌ တည်ဆောက်ခဲ့သည့် တံတားများသည် သန်လျင် တံတား တည်ဆောက်ရေး တွင် ပါဝင်ခဲ့ကြသူများမှ ဦးဆောင် တည်ဆောက်ပေး ခဲ့ခြင်းဖြစ်ကြောင်း ၊ ယခု ကဲ့သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံးမှ နွေးထွေးစွာ လာရောက် မေးမြန်း ခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် တွင် သန်လျင်တံတား တည်ဆောက်ရေး တွင် ပါဝင်ခဲ့ကြသူများ နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ တာဝန်ရှိသူများ က စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပြီး အခမ်းအနား ပြီးဆုံးကြောင်း ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.