Connect with us

Politics

တရုတ်-မြန်မာ နှစ်နိုင်ငံ လူငယ်များ အကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမို တည်ဆောက်နိုင်ရန် မြန်မာနိုင်ငံမှ လူငယ်များ တရုတ်နိုင်ငံသို့သွားရောက်


ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ လူငယ်များ ချစ်ကြည် ရင်းနှီးမှု အစီအစဉ် အရ မြန်မာ-တရုတ် နှစ်နိုင်ငံ လူငယ်များ အကြား ချစ်ကြည် ရင်းနှီးမှုများ ပိုမို တည်ဆောက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှ လူငယ် ၉၇ ဦးသည် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံသို့ယနေ့အောက်တိုဘာ ၁၇ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တဆင့် ထွက်ခွာ သွားရောက်ခဲ့ကြောင်း သိရသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး၏ သံမှူးကြီး Ms.Li Xiao Yan ( ဒေါ်နွဲ့ကလျာ) က “ဒီနေ့ခရီးစဉ်မှာ လူငယ် အချင်းချင်းက ချစ်ကြည်ရေး ဖလှယ်ရေး ၊ ပူးပေါင်း ဆောင်ရွက်ရေး ပိုမို မြှင့်တင်ရန် သွားကြတာ ဖြစ်ပါ တယ်။ ဒါက ကျွန်မတို့နိုင်ငံမှာ ပထမဦးဆုံး လူငယ်တွေ အများအပြားကို ဖိတ်တာ ဖြစ်ပါတယ်။ တရုတ် ဘက်က လူငယ်တွေနဲ့ဖလှယ်မှု ၊ ချစ်ကြည်ရေး တွေ့ဆုံမှုတွေလဲ ရှိမှာပါ။အဲဒါကြောင့် နှစ်ဦးနှစ်ဘက် နားလည် မှုတွေ ပိုမို တိုးပွားစေမှာ ဖြစ်ပါတယ်။နောက်ပိုင်းမှာ လူငယ်တွေက တရုတ်-မြန်မာ ချစ်ကြည်ရေး တိုးပွား စေဖို့အရေးကြီးတဲ့ အင်အားတွေ ဖြစ်ပါတယ်။”ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး၏ သံမှူးကြီး Ms.Li Xiao Yan ( ဒေါ်နွဲ့ကလျာ) က ခရီးစဉ် အကြောင်း ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး ခရီးစဉ် အဖွဲ ့ခေါင်းဆောင် ဒေါက်တာ ဆင့်စိုးက ခရီးစဉ် အကြောင်း ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသို့သွားရောက်မည့် မြန်မာ လူငယ် ကိုယ်စားလှယ် အဖွဲ့နှင့် တာဝန်ရှိသူများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ချစ်ကြည်ရေး ခရီးစဉ်တွင် ပါဝင်သည့် ဒေါက်တာ ချောစုစုမွှေးက ခရီးစဉ် အကြောင်း ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံသို့သွားရောက်မည့် မြန်မာ လူငယ် ကိုယ်စားလှယ် အဖွဲ့နှင့် တာဝန်ရှိသူများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်(ဆင်ဟွာ)

ချစ်ကြည်ရေး ခရီးစဉ် တွင်း လူငယ် အချင်းချင်း ထိတွေ့ဆက်ဆံမှု ၊ အပြန်အလှန် အမြင်များကို ဖလှယ်မှု စသည် တို့မှတဆင့် နှစ်ဦးနှစ်ဖက် နားလည်မှုကို ပိုမို တိုးပွားစေနိုင်မည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား အိမ်နီးချင်းကောင်း ၊ ဆွေမျိုးပေါက်ဖော်ကောင်း အဖြစ် တည်ရှိမှုက ထာဝရ တည်မြဲရန် အထောက်အကူ ပြုပေးမည် ဖြစ်ကြောင်း ၊ နောက်ပိုင်းတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးပွားစေရန် အထောက်အကူပြုသည့် ယခုလို အစီအစဉ်ကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သံမှူးကြီး Ms.Li Xiao Yan က ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ လူငယ်များ ချစ်ကြည် ရင်းနှီးမှု အစီအစဉ် အရ မြန်မာနိုင်ငံမှ လူငယ် ကိုယ်စားလှယ်များသည် အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက် အထိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ ကူမင်းမြို့နှင့် မန်စီမြို့ များသို့ သွားရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး ခရီးစဉ် အဖွဲ ့ခေါင်းဆောင် ဒေါက်တာ ဆင့်စိုးက “ခရီးစဉ်က ချစ်ကြည်ရေး ခရီးစဉ် ဖြစ်သည့် အတွက် အစီအစဉ် အရ ချစ်ကြည်ရေး အခမ်းအနားတွေ ဖွင့်မယ်။ နှစ်ဘက် ခေါင်းဆောင် တွေ အပြန်အလှန် ဆွေးနွေးကြမယ်။ ဒေသန္တရ လေ့လာရေး ၊ လူငယ်များ အချင်းချင်း ချစ်ကြည်ရင်းနှီးပြီး အပြန်အလှန် ထိတွေ့နိုင်မယ့် အစီအစဉ်တွေ ပါမှာပါ။တရုတ် လူငယ်နဲ့မြန်မာ လူငယ်တွေ အကြားမှာ ဒီခရီးစဉ်ကနေပြီးတော့ နီးနီးကပ်ကပ် ခင်မင်မှုတွေ ရလာမယ့် အစီအစဉ် တစ်ခုလို့ ယုံကြည်ပါတယ်။”ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

ယခု ခရီးစဉ်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ ယူနန် ပြည်နယ် အစိုးရက မြန်မာနိုင်ငံမှ ကဏ္ဍ အသီးသီးရှိ လူငယ် ၁၀၀ ဦးအား ချစ်ကြည်ရေး ခရီးစဉ် လာရောက်ရန် ဖိတ်ခေါ်ချက် အရ သက်ဆိုင်ရာ အလွှာစုံက လူငယ် ကိုယ်စားလှယ်များအား ရွှေးချယ် စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ၎င်းတို့အနက် ၃ ဦးမှာ အကြောင်း မညီညွှတ်သည့် အတွက်ကြောင့် ယနေ့အောက်တိုဘာ ၁၇ ရက်တွင် ၉၇ ဦး သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း အဖွဲ ့ခေါင်းဆောင် ဒေါက်တာ ဆင့်စိုးက ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ သည် အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် အပြင် ရှည်လျားသည့် အပြန်အလှန် ဆက်ဆံ ရေး လည်းရှိသည့်အတွက် ချစ်ခင် ရင်းနှီးမှု နှင့် အပြန်အလှန် ဆောင်ရွက်မှုများကို ယခု ချစ်ကြည်ရေး ခရီးစဉ်မှ တဆင့် ပို၍ ရှေ့ဆက်ပြီး ဆောင်ကြဉ်းနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ ချစ်ကြည်ရေး ခရီးစဉ်တွင် ပါဝင်သည့် ဒေါက်တာ ချောစုစုမွှေးက “ကျွန်မက မန္တလေး နည်းပညာ တက္ကသိုလ်က ပါမောက္ခ ဌာနမှူးပါ။ပညာရေး ဝန်ကြီး ဌာန အနေနဲ့ ရွေးချယ် ခံရတာပါ။ အခု သွားရတာ ချစ်ကြည်ရေး ခရီးစဉ် ဆိုတဲ့ အတွက်ကြောင့် တရုတ်-မြန်မာက အစတည်းက ချစ်ကြည် ရင်းနှီးမှု ရှိနေတဲ့ အခါမှာ လူငယ်တွေ အနေနဲ့တရုတ်နိုင်ငံမှာ လေ့လာခွင့်လဲ ရရှိမယ်။အတွေ့အကြုံ အသစ် တွေလဲ ရမယ်။ ရင်းနှီးမှုတွေ ၊ ရှေ့လက်တွဲ ဆောင်ရွက်ရမယ့် ကိစ္စတွေလဲ ရှိနိုင်မယ်လို့ထင်ပါတယ်။”ဟု ဆင်ဟွာသို့ပြောသည်။

တရုတ်-မြန်မာ လူငယ်များ ချစ်ကြည် ရင်းနှီးမှု အစီအစဉ် အရ မြန်မာနိုင်ငံမှ ပညာရေး ဝန်ကြီးဌာန ၊ နိုင်ငံခြား ရေး ဝန်ကြီးဌာန ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး ဌာန ၊ သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ နယ်စပ်ရေးရာ ဝန်ကြီး ဌာန နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ၊ မြန်မာ-တရုတ် ပူးပေါင်း ဆောင်ရွက်ရေး အသင်း တို့မှ လူငယ် ကိုယ်စားလှယ်များ သွားရောက်ခဲ့ကြောင်း သိရသည်။(Xinhua)