Connect with us

Politics

ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး မှ မြန်မာ-တရုတ် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီး နှင့် တွေ့ဆုံဆွေးနွေး


ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ဦးဆောင် သည့် အစည်းအဝေး တစ်ရပ် အား အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Termial 3 ရှိ အစည်းအဝေး ခန်းမ တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် နှင့် အစိုးရ အဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ Yangon Aerodrome Co.,Ltd(YACL) ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင် ၊ မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း ၊ Bank of China ဒါရိုက်တာ နှင့် CECCM ဥက္ကဋ္ဌ လျိုယင် (Liu Ying) ၊ Air China ဒါရိုက်တာ နှင့် CECCM ဟိုတယ် နှင့် ဝန်ဆောင်မှုလုပ်ငန်း အသင်းခွဲ ဥက္ကဋ္ဌ မစ္စတာ လော့ကျွင်း(Mr.Luo Jun) ၊ International Travel Asia(ITA) ကုမ္ပဏီ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ ရန်ကျင် (Mr.Yang Jin) ၊ တရုတ် နိုင်ငံ စက်မှု နှင့် စီးပွားရေး ဘဏ် (ICBC) ရန်ကုန် ဘဏ်ခွဲ ဘဏ္ဍာရေးဆိုင်ရာ အထွေထွေ မန်နေဂျာ မစ္စတာ တုန့်ဝေ (Mr.Dou Wei) ၊ တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း ဆိုင်ရာ ကဏ္ဍ အသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး မြင်ကွင်း (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က အဖွင့်အမှာ စကား ပြောကြားနေစဉ်(ဆင်ဟွာ)

Yangon Aerodrome Co.,Ltd(YACL) ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင် က ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

International Travel Asia(ITA) ကုမ္ပဏီ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ ရန်ကျင် (Mr.Yang Jin) က ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း က ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

Bank of China ဒါရိုက်တာ နှင့် CECCM ဥက္ကဋ္ဌ လျိုယင် (Liu Ying) က ရှင်းလင်းတင်ပြ နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေး တွင် ရှင်းလင်းတင်ပြမှုများ ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဟိုတယ် နှင့် ခရီးသွား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် မှ အဖွင့် အမှာစကား ပြောကြားရာတွင် ယနေ့ ပြုလုပ်သည့် အစည်းအဝေး က တရုတ် ခရီးသွား ဧည့်သည်များ မြန်မာ နိုင်ငံ သို့ လာရောက်လည်ပတ်မှု ဖွံ့ဖြိုးတိုးတက်ရန် အတွက် လွန်စွာ လိုအပ်သည့် အစည်းအဝေး တစ်ခု ဖြစ်ကြောင်း ၊ ဝန်ကြီးဌာန အနေဖြင့် မြန်မာ-တရုတ် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် မူဝါဒ သစ် များ ချမှတ် နေပြီး ပုဂ္ဂလိက ကဏ္ဍ ဘက်ကလည်း တရုတ် နိုင်ငံ ခရီးသွား ဧည့်သည်များ အတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၊ မြန်မာ နိုင်ငံ သို့ ပိုမို ဝင်ရောက်လာမည့် ခရီးသွား ဧည့်သည်များ အတွက် လိုအပ်နေသည့် အခြေခံ အဆောက်အဦ များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ခရီးသွား ဧည့်သည် များ အတွက် အရည်အသွေး ပြည့်ဝသည့် တရုတ် ဧည့်လမ်းညွှန်များ ပိုမိုမွေးထုတ်ပေးရမည် ဖြစ်ပြီး လုံခြုံရေး နှင့် ပတ်သက်၍ Tourist Police များကိုလည်း တိုးချဲ့ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် သက်ဆိုင်ရာ ကဏ္ဍ အသီးသီး တို့မှ အတူတကွ ကြိုးပမ်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Yangon Aerodrome Co.,Ltd(YACL) ဥက္ကဋ္ဌ ဦးထွန်းမြင့်နိုင် က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၏ ဝန်ဆောင်မှု ၊ တိုးချဲ့ဆောင်ရွက်မှု ၊ လေကြောင်းလိုင်းများ တိုးမြင့်လာမှု နှင့် မြန်မာ-တရုတ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေ များ နှင့် ပတ်သက်၍ မိတ်ဆက်ပြောကြားပေး ခဲ့ပြီး International Travel Asia(ITA) ကုမ္ပဏီ ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် မစ္စတာ ရန်ကျင် က တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် တိုးချဲ့ လာမည့် တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ သို့ တိုက်ရိုက် ပျံသန်း သော လေကြောင်းလိုင်း နှင့် လေကြောင်း ခရီးစဉ် များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ပေးခဲ့သည်။

မြန်မာ နိုင်ငံ ခရီးသွား လုပ်ငန်း အသင်းချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း က အသင်း ၏ တရုတ် နိုင်ငံ ခရီးသွားဧည့်သည်များ အား ဦးတည်၍ ဆောင်ရွက်နေသည့် ပရိုမိုးရှင်း အစီအစဉ်များ ၊ ပြင်ဆင်မှု များ နှင့် အားနည်းချက်များ နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပေးခဲ့ပြီး Bank of China ဒါရိုက်တာ နှင့် CECCM ဥက္ကဋ္ဌ လျိုယင် က တရုတ်-မြန်မာ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဆောင်ရွက်မှု အခြေအနေ နှင့် အကြုံပြုချက်များ အား ရှင်းလင်းတင်ပြ ပေးခဲ့သည်။

ထို့နောက်တွင် အစည်းအဝေး တက်ရောက် ခဲ့ကြသည့် မြန်မာ-တရုတ် ခရီးသွားလုပ်ငန်ဆိုင်ရာ ဘဏ်လုပ်ငန်းများ ၊ လေကြောင်းလိုင်း ကုမ္ပဏီများ ၊ ခရီးသွား အေဂျင်စီများ ၊ ဝန်ဆောင်မှုလုပ်ငန်းများ ၊ သတင်းမီဒီယာများ နှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် တို့က တရုတ် ခရီးသွား ဧည့်သည်များ မြန်မာ နိုင်ငံ သို့ ပိုမို လာရောက်စေရန် အတွက် လိုအပ်ချက်များ ၊ အားသာချက်များ နှင့် အကြုံပြုချက်များ အား ရင်းနီးပွင့်လင်းစွာ သဘောထား အမြင်များ အပြန်အလှန် ဆွေးနွေးမှု များ ပြုလုပ် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.