Connect with us

Politics

မြန်မာ-တရုတ် နှစ်နိုင်ငံ အကျိုးစီးပွား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး နှစ်ဖက်ပူးတွဲ ထုတ်ပြန်

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်တို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၄ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်တို့ နှင့် သီးခြားစီတွေ့ ဆုံဆွေးနွေးကာ မြန်မာ-တရုတ် အကျိုးစီးပွားများ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်မှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံပူးတွဲ သတင်း ထုတ် ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့သို့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် သွားရောက်ပြီး ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည့် ကမ္ဘာ့ ဖက်ဆစ်စနစ် ဆန့်ကျင်မှု အောင်မြင်သည့် နှစ်(၇ဝ)ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ဦးသိန်းစိန် တို့သည် နှစ်နိုင်ငံအမြင်ချင်း ဖလှယ်ခဲ့ပြီး တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးပိုမိုတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ခင်မင်ရင်းနှီးသော အပြန်အလှန်ဖလှယ်မှုများ ပြုလုပ်နိုင်ရေးအတွက် အရေးကြီးသော တူညီဆန္ဒများကို ရရှိခဲ့ပါသည်။ တရုတ်ဝန်ကြီးချုပ် မစ္စတာ လီခဲ့ချန်သည်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့ပါသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံအကြား တည်ရှိသည့် အစဉ်အလာရှိသည့် ပေါက်ဖော် ဆက်ဆံရေးနှင့် ပတ်သက်၍ နှစ်ဖက်စလုံးမှ ချီးကျူးပြောဆိုခဲ့ပြီး လွန်ခဲ့သည့် (၆၅)နှစ်မှ စတင်ကာ သံတမန် ဆက်သွယ်ခဲ့ချိန် မှစ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ် အပေါ် ခိုင်မာစွာ ရပ်တည်ကိုင်စွဲမှု၊ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု များအပေါ် အခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ပါသည်။

နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံ အကျိုးစီးပွားများကို ဦးစားပေးပြီး တရုတ်-မြန်မာ ဆက်ဆံရေး လမ်းကြောင်းမှန် ပေါ်တွင် ဆက်လက် ချီတက်နိုင်ရန်အတွက် မဟာဗျူဟာမြောက်နှင့် ရေရှည်အမြင်ဖြင့် ပြောင်းလဲဆောင်ရွက်သွားရန် နှစ်နိုင်ငံစလုံး၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန်ကူညီမှုနှင့် အေးအတူပူအမျှ ရပ်တည်မှုအစဉ်အလာကို ဆက်လက်ကိုင်စွဲသွားရန် နှစ်ဖက်စလုံးက ထပ်လောင်း အတည်ပြု ပြောကြားခဲ့သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေးနွေးပွဲ (ဓာတ်ပုံ – MOI)

မြန်မာနိုင်ငံတွင် မကြာသေးမီက ရေလွှမ်းမိုးမှုဒဏ် ခံစားခဲ့ရစဉ်အတွင်း တရုတ်နိုင်ငံမှ အချိန်နှင့် တစ်ပြေးညီ ထိရောက်သော အကူအညီများ ပေးအပ်ခဲ့ခြင်း အတွက် မြန်မာနိုင်ငံအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းမှုများတွင် အကူအညီများ ဆက်လက်ပေးအပ်သွားရန် အဆင်သင့်ရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ၏ လူနေမှုဘဝ ဖွွံ့ဖြိုးတိုးတက်မှု တို့အတွက် ကူညီပေးသွားရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်ဖော် ပြောကြားခဲ့သည်။

မကြာသေးမီက တီယန်ကျင်း ဓာတုသိုလှောင်ရုံ ဖြစ်စဉ်တွင် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုများအတွက် သက်ဆိုင်သည့် ပြည်သူများသို့ မြန်မာနိုင်ငံအနေဖြင့် ဝမ်းနည်းစာနာကြောင်း ဖော်ပြခဲ့သည်။

နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့် လည်ပတ်မှုများနှင့် နိုင်ငံရေးပါတီများ၊ အစိုးရအဖွဲ့ အစည်းများ၊ တပ်မတော်များ၊ ဒေသများအကြားနှင့် ပြည်သူများအကြား ကဏ္ဍပေါင်းစုံတွင် ခင်မင်ရင်းနှီးသော အပြန်အလှန် လည်ပတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် နှစ်ဖက်စလုံးမှ သဘောတူညီခဲ့သည်။

နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ရေးနှင့် တန်းတူညီမျှမှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှု အပေါ် အခြေခံကာ စီးပွားရေး၊ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး (One Belt One Road) အစီအစဉ်နှင့် BCIM ပေါင်းဆောင်ရွက်မှု မူဘောင်များ အတွင်းမှ ဆိပ်ကမ်းနှင့် လမ်းမများ၊ ရထားလမ်းများ အစရှိသည့် အခြေခံ အဆောက်အအုံ ပေါင်းစည်းဆက်နွှယ်မှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားရန်၊ တရုတ်-မြန်မာ လယ်ယာစိုက်ပျိုးရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ကော်မတီနှင့် အစိုးရ အဖွဲ့ အစည်းများအကြား လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအား အပြည့်အဝ အသုံးချကာ အကျိုးတူ ဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် လယ်ယာကဏ္ဍ၊ လျှပ်စစ်စွမ်းအားကဏ္ဍ၊ ထုတ်လုပ်မှုစွမ်းရည်ကဏ္ဍ၊ ငွေကြေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် နှစ်ဖက်စလုံးမှ သဘောတူညီခဲ့သည်။

တရုတ်-မြန်မာ သံတမန်ဆက်သွယ်မှု (၆၅)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားဖြစ်သည့် ”မြန်မာလူငယ် ၁ဝဝ ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အလည်အပတ်ခရီးစဉ်” အစီအစဉ်အောင်မြင်ရေး၊ ပြည်သူများ အကြား အသွင်သဏ္ဌာန်မျိုးစုံဖြင့် အပြန်အလှန် ဖလှယ်မှုများ တိုးချဲ့ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ သတင်း၊ အားကစား၊ ကျန်းမာရေး၊ ဘာသာရေးစသည့် ကဏ္ဍများတွင် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု စဉ်ဆက်မပြတ် နက်ရှိုင်းစေရန်အတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဖက်စလုံးမှ သဘော တူညီခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းအခြေအနေများနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ရွေးချယ်သည်ကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထောက်ခံပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် လူမှုရေးအရ သဟဇာတဖြစ်မှုများ ရရှိခံစား နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ရေးအတွက် တရုတ်နိုင်ငံ၏ အပြုသဘော ပါဝင်မှုကို မြန်မာနိုင်ငံမှ ချီးကျူးပြောကြားခဲ့ပြီး အဆိုပါ လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ၏ အပြုသဘော ဆက်လက် ကြိုးပမ်းမှုများကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

နှစ်နိုင်ငံနယ်စပ်ဒေသတွင် တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက် အတူတကွ လက်တွဲဆောင်ရွက် ရန်နှင့် နယ်စပ်ဒေသစီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန် နှစ်ဖက်စလုံးမှ သဘောတူညီ ခဲ့ပါသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖိန် ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ တရုတ်နိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဖက်ဆစ်စနစ် ဆန့်ကျင်မှု အောင်မြင်သည့် နှစ်(၇ဝ)ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ ပါဝင်တက်ရောက် ခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.