Connect with us

Politics

မြန်မာ-တရုတ် အကြံပြုသုတေသီ အဖွဲ့များက မျက်မှောက်ခေတ် တရုတ်နိုင်ငံ နှင့် ကမ္ဘာ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ပြုလုပ် 

မျက်မှောက်ခေတ် တရုတ်နိုင်ငံ နှင့် ကမ္ဘာ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) 

မျက်မှောက်ခေတ် တရုတ်နိုင်ငံ နှင့် ကမ္ဘာ ခေါင်းစဉ်ဖြင့် မြန်မာ-တရုတ် အကြံပြုသုတေသီ အဖွဲ့များ၏ ဆွေးနွေးပွဲကို ယနေ့ ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံရေး အရ အပြန်အလှန် ယုံကြည် စိတ်ချရမှု တိုးတက် မြင့်မားရေး နှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု ပိုမို နက်ရှိုင်းစေရေး ၊ အတူတကွ ချမ်းသာ ကြွယ်ဝရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆင်းရဲမှု လျှော့ချရေး ဆိုင်ရာ အတွေ့အကြုံများ ဝေမျှဆောင်ရွက်ရေး ၊ နှစ်ဦး နှစ်ဘက် အကျိုးရှိစေရေး အတွက် ရပ်ဝန်းနှင့် ပိုးလမ်းမ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး နှင့် အစဉ်အလာ ရှိသော ချစ်ကြည် ရင်းနှီးခင်မင်မှုကို ရှေ့သို့ ဆက်၍ လက်ဆင့်ကမ်း သယ်ဆောင် သွားနိုင်စေရန် ပြည်သူတို့ အချင်းချင်း အပြန်အလှန် ကူးလူး ဆက်ဆံ သွားလာမှုများ ပို၍ နက်ရှိုင်း လာစေရန် ဆောင်ရွက်ရေး ခေါင်းစဉ် လေးခုကို မြန်မာ-တရုတ် အကြံပြု သုတေသီများက ဆွေးနွေးခဲ့ကြသည်။ 

အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် အကြံပြုသုတေသီ အဖွဲ့များ၏ ဆွေးနွေးပွဲတွင် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က နှစ်ဘက်သော ပညာရှင် အဖွဲ့များက ဘာသာရပ် ခေါင်းစဉ် လေးခု ခွဲပြီး နှစ်နိုင်ငံ ပြည်သူများ အကြား ချစ်ကြည် ရင်းနှီးမှု ၊ အပြန် အလှန် နားလည်မှုများ ပိုမို တိုးတက်လာရန် နှစ်ဦးနှစ်ဘက် ပိုမို အကျိုးရှိအောင် မည်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်သင့်သည်များကို အနာဂတ် မျိုးဆက်သစ်များ အတွက် ဦးတည် ရည်မှန်းချက် ထားပြီး ဆွေးနွေးခဲ့ကြသည်ဟု သိရသည့် အတွက် များစွာ ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်၊

မြန်မာ-တရုတ် နှစ်နိုင်ငံသည် နယ်နိမိတ်ချင်း ကီလိုမီတာ ၂၀၀၀ ခန့် ဆက်စပ်နေသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသည့် အတွက် ကမ္ဘာတည်သ၍ အတူယှဉ်တွဲပြီး နေထိုင်သွားကြရမည့် နိုင်ငံများ ဖြစ်ကြောင်း ၊ ထို့ကြောင့် နှစ်နိုင်ငံ အကြားတွင် ကောင်းမွန်သည့် ဆက်ဆံရေးကို မလွဲမသွေ ထိန်းသိမ်းရန် ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ် ကွန်မြူနစ် ပါတီ ၊ ဗဟို ကော်မတီ ပြန်ကြားရေး ဌာန ၊ ဒုတိယ အကြီးအကဲ နှင့် တရုတ် နိုင်ငံတော် ကောင်စီ ပြန်ကြားရေး ဌာန တာဝန်ခံ ဝန်ကြီး မစ္စတာ ရှုလင်က မိန့်ခွန်း ပြောကြားစဉ်(ဆင်ဟွာ)

မျက်မှောက်ခေတ် တရုတ် နိုင်ငံ နှင့် ကမ္ဘာ ဆွေးနွေးပွဲ ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

တရုတ် ကွန်မြူနစ် ပါတီ ၊ ဗဟို ကော်မတီ ပြန်ကြားရေး ဌာန ၊ ဒုတိယ အကြီးအကဲ နှင့် တရုတ် နိုင်ငံတော် ကောင်စီ ပြန်ကြားရေး ဌာန တာဝန်ခံ ဝန်ကြီး မစ္စတာ ရှုလင်က ယခုနှစ်သည် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့် ကာလ ဖြစ်ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မြန်မာနိုင်ငံသို့ နိုင်ငံတော် ခရီးစဉ် လာရောက်မည် ဖြစ်သည့် အတွက် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည် တစ်ဆင့်တိုး ခိုင်မြဲသွားမည် ဖြစ်ကာ ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုက ပိုမို နက်နဲ ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ပညာရှင်များက ယခုလို အပြန်အလှန် ဖလှယ်ပြီး အကြံပြု ပေးခြင်းသည် မဟာ ဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှုကို ပိုပြီး တိုးပွားစေသကဲ့သို့ အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းသည့် ပူးပေါင်း ဆောင်ရွက်မှုကိုလည်း တွန်းအား ဖြစ်စေကြောင်း ၊ ပြည်သူချင်း စိတ်ချင်း ဆက်နွယ်မှုကိုလည်း တွန်းအား ဖြစ်စေကြောင်း ၊ယဉ်ကျေးမှု ဖလှယ်ရေးကိုလည်း နောက်ထပ် တွန်းအား ဖြစ်စေကြောင်း ၊ မဟာဗျူဟာ သုတေသနများ ပြုလုပ်ခြင်းက ခေတ်သစ် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး၏ အနက်အဓိပ္ပာယ်ကို ပိုပြီး လေးနက် စေသကဲ့သို့ နှစ်နိုင်ငံ ဆက်ဆံရေးက အဆက်မပြတ် ရှေ့သို့ ဆက်တိုးသွားစေနိုင်ကြောင်း  ပြောကြားခဲ့သည်။

မျက်မှောက်ခေတ် တရုတ် နိုင်ငံ နှင့် ကမ္ဘာ ဆွေးနွေးပွဲ ကျင်းပမှု မြင်ကွင်းများ(ဆင်ဟွာ)

ဆွေးနွေးပွဲတွင် မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး သုတေသန စင်တာ (မြန်မာ) ၏ ပူးတွဲ တည်ထောင်သူ ဦးကိုကိုလှိုင်က ယခုကဲ့သို့ ဆွေးနွေးပွဲများကို ဆက်လက်၍ နှစ်နိုင်ငံ ပူးတွဲပြီး ဆောင်ရွက်ရန် အစီအစဉ်များ ရှိကြောင်း  ၊ ထို့ပြင် တစ်ခြားသော ပုံစံဖြင့် ပူးပေါင်း ဆောင်ရွက်မှုများသည် သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့်မြောက်သည့် ယခုနှစ် အတွင်း အားလုံး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲအား တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ၊ နိုင်ငံတော် ကောင်စီ သတင်း ပြန်ကြားရေးရုံး ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီး ဌာန ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံး ၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ နိုင်ငံခြား ဘာသာ ပုံနှိပ် ထုတ်ဝေရေး လုပ်ငန်း ဦးစီးဌာန တို့မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ကာ မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့၊ မဟာ ဗျူဟာနှင့် နိုင်ငံတကာ ရေးရာ သုတေသန စင်တာ(မြန်မာ) ၊ မျက်မှောက်ခေတ် တရုတ် နိုင်ငံ နှင့် ကမ္ဘာ့ရေးရာ လေ့လာရေး အကယ်ဒမီ တို့က တာဝန်ယူ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်၊(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.