Connect with us

Science & Technology

ဖန်လုံအိမ်ဓာတ်ငွေ့က ကမ္ဘာ့သမုဒ္ဒရာရေစီးကြောင်းအရှိန်ကို မြင့်တက်စေကြောင်း တရုတ် သုတေသီများ တွေ့ရှိ

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ လင်းပိုင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ချင်းသောင်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများက ကမ္ဘာ့သမုဒ္ဒရာရေစီးကြောင်းအရှိန် မြင့်တက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ကြောင်း တရုတ်နိုင်ငံသား သုတေသနအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ၊ အဏ္ဏဝါဗေဒသိပ္ပံဌာနမှ အဖွဲ့တစ်ခု၏ လေ့လာမှုတစ်ခုအရ လွန်ခဲ့သည့် နှစ် ၂၀ ကျော်အတွင်း ကမ္ဘာ့သမုဒ္ဒရာရေစီးကြောင်းမှာ ပျမ်းမျှအားဖြင့် သိသိသာသာအရှိန်မြင့်လာပြီး ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ပတ်ဝန်းကျင် ပုံစံအသစ်ဖြစ်ပေါ်စေသည်ကို တွေ့ရှိခဲ့သည်။

အဆိုပါ တွေ့ရှိချက်များအား သိပ္ပံဂျာနယ်၏ လက်ခွဲဖြစ်သော Science Progress တွင် ဖော်ပြခဲ့သည်။

သုတေသီများက သမုဒ္ဒရာရေစီးကြောင်းနှင့် ပင်လယ်ရေမျက်နှာပြင် လေတိုက်နှုန်းဆိုင်ရာ အချက်အလက်များစွာကို ပေါင်းစည်းခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတိုင်းတာချက်တစ်ခုဖြင့် သမုဒ္ဒရာရေစီးကြောင်း ပြောင်းလဲမှု လေ့လာဆန်းစစ်ခြင်းများအား ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

“လေက သမုဒ္ဒရာရေစီးကြောင်းရဲ့ အဓိကစွမ်းအားအရင်းအမြစ်ဖြစ်တယ်။ ပင်လယ်ရေမျက်နှာပြင်ပေါ်က လေတိုက်နှုန်းမြင့်လာတာက ပျမ်းမျှ ကမ္ဘာ့ရေစီးကြောင်းအရှိန်ကို မြင့်တက်စေတယ်” ဟု အဏ္ဏဝါဗေဒသိပ္ပံမှ သုတေသီ ဟူစီကျန့်က ပြောခဲ့သည်။

“ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်လာခြင်းကြောင့် ပျမ်းမျှအားဖြင့် ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် လေတိုက်နှုန်းက သိသိသာသာ မြင့်လာခဲ့ကြောင်း၊ ယင်းမှာ ဖန်လုံအိမ်ဓာတ်ငွေ့က သမုဒ္ဒရာရေစီးကြောင်း မြင့်တက်မှုအတွက် အဓိက အကြောင်းပြချက်ဖြစ်သည်ကို ပြသနေကြောင်း” ဟူက ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117