Connect with us

Politics

ယူနန် ပြည်နယ်တွင် ဗုံးကျသည့် ကိစ္စ တရုတ်နှင့် မြန်မာ အထူးစုံစမ်းစစ်ဆေးမည်

(၆၇) ကြိမ်မြောက် လွပ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားတွင် မြန်မာ့ တပ်မတော်မှ ချီတက် ဂုဏ်ပြုနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့သည် တရုတ်နိုင်ငံထဲသို့ မြန်မာဘက်က ဗုံးကျရောက် သည့်အတွက် တရုတ်နိုင်ငံသား (၄) ဦးကျဆုံးသည့် ကိစ္စအပေါ် စုံစမ်းစစ်ဆေးနေကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ မတ်လ (၁၆) ရက်နေ့က အတည်ပြု ပြောကြားသည်။

မြန်မာ့ တိုက်ခိုက်ရေးလေယာဉ်မှ ပစ်ခတ်သည့် ဗုံး သည် မတ်လ (၁၄) ရက်တွင် တရုတ်နိုင်ငံ လင်းချန်းမြို့ (Lincang) ရှိ ကြံစိုက်ခင်းသို့ ကျရောက်ပြီး (၄) ဦးသေဆုံးကာ (၉) ဦး ဒဏ်ရာ ရရှိခဲ့သည်။

တရုတ်နိုင်ငံသည် ထိုကိစ္စရပ် အပေါ် မြန်မာနိုင်ငံ ကို အလေးအနက် သတိပေးထားပြီး မြန်မာနိုင်ငံဘက်မှလည်း တရုတ်နိုင်ငံဘက်သို့ ထိခိုက်ခဲ့သည့်အတွက် စိတ်မကောင်းကြောင်း ပြောကြားခဲ့သည်။ မြန်မာ နိုင်ငံ အနေဖြင့် ထိုကိစ္စနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Hong Lei က ပြောသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသတွင် ပဋိပက္ခဖြစ်ပွားနေသည်မှာ အချိန် (၁)လ ကျော်ကြာမြင့် နေပြီ ဖြစ်ပြီး နယ်စပ်ဒေသ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို များစွာ ထိခိုက်မှုများ ရှိကြောင်း Hong က ဆိုသည်။

တရုတ် နိုင်ငံ အနေဖြင့် ၎င်း၏ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ပိုင်နက်ဘက်သို့ ရောက်ရှိလာသည့် မြန်မာ့ တပ်မတော် လေယာဉ်များကို လေယာဉ် လမ်းကြောင်း စောင့်ကြည့် သတိပေးခြင်းများ ပြုလုပ်ရန် အတွက် တရုတ်နိုင်ငံ လေတပ်မှ တိုက်ခိုက်ရေး လေယာဉ်များလည်း တရုတ်-မြန်မာ နယ်စပ်တွင် ကင်းလှည့်လျက်ရှိသည်။ (Xinhua)